မီဇိုရမ်တွင် ရှုပီး သိန်း ၈၀၀ ကျော် တန်ဖိုးရှိ ရွှေပြားများ ဖမ်းမိ

မီဇိုရမ်တွင် ရှုပီး သိန်း ၈၀၀ ကျော် တန်ဖိုးရှိ ရွှေပြားများ ဖမ်းမိ
by -
ချင်းဝေါလ်
အိန္ဒိယပြည်မဘက်ကို တင်ပို့မည့် ရူပီးသိန်း ၈၀၀ ကျော်တန်ဖိုးရှိ ရွှေပြား(၁၅၀)ပြားကို မြန်မာနိုင်ငံသား ချင်းအမျိူးသား တစ်ဦးထံ အောက်တိုဘာ ၁၃ ရက်နေ့က မီဇိုရမ်ပြည်နယ် နယ်စပ် Khankawn ဂိတ်တွင် ကျန်ဖိုင်း ရဲများက ဖမ်းဆီးခဲ့သည် ဟုသိရသည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်ရှိ ရဲများက သတင်းအရ နယ်စပ်မှ တက်လာသော Maruti 800 ကားတစီးကို တားစီးစစ်ဆေးကာ ကား၏ထိုင်ခုံအောက်တွင် ဖွက်ထားသည် တရားမဝင်သယ်ဆောင်လာသော ရွှေပြားများနှင့်အတူ ပိုင်ရှင်ဟု ယူဆသူ ချင်းအမျိုးသားကိုလည် ဖမ်းဆီးထားကြောင်း မီဇိုရမ်ဒေသထုတ် သတင်းစာတွင် ဖော်ပြသည်။

အဆိုပါ ရွှေပြားပိုင်ရှင်ဟု ယူဆကာ ဖမ်းဆီးထားသော ချင်းအမျိုးသားမှာ ကလေးမြို့နယ် လက်ပံချောင်း ကျေးရွာနေ Vanmalsawma ၃၀နှစ် ကို ဖမ်းဆီးကာ အမှုစစ်ဆေးရန် ချုပ်နှောင်ထားကြောင်း သိရပြီး ၎င်းဖမ်းဆီးရမိသော ရွှေပြားကိုလည်း ကျန်းဖိုင်းခရိုင် Superintendent of Central Customs လက်ထဲသို့ အပ်နှံထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့လည်း မီဇိုရမ်ပြည်နယ် Anti-Smuggling Unit, Aizawl Customs Division အဖွဲ့က ပြည်နယ်၏မြို့တော် အိုင်ဇောလ်မှ ဂိုဟာတီ မြို့ဘက်သို့ ပြေးဆွဲသော NETWORK မှန်လုံးကာတစ်စီးကို မြို့ပြင် Rangvamual ရပ်ကွက်တွင် စစ်ဆေးခဲ့ရာ  ရဒသမ ၆၅၉  ကီလို ဂရမ် အလေးချိန်ရှိ ရွှေပြား (၄၆) ပြား တန်ဖိုးအားဖြင့် ရူပီး ၂၃၀ ကျော်ကို မြန်မာနိုင်ငံသား ချင်းအမျိုးသား ၂ ဦးထံ ဖမ်းဆီးခဲ့သည်။

ယခုနှစ် ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တရားမဝင်သယ်ဆောင်သောလော ရွှေပြားများကို မီဇိုရမ်ပြည်နယ်တွင် ယခုကဲ့သို့ မကြာခဏ ဖမ်းဆီး ရမိလျှက်ရှိကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...