မီဇိုရမ်ပြည်ထဲရေးဝန်ကြီး Pu R.Lalzirliana ရာထူးမှ နုတ်ထွက်

မီဇိုရမ်ပြည်ထဲရေးဝန်ကြီး Pu R.Lalzirliana ရာထူးမှ နုတ်ထွက်

မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးလည်းဖြစ် လက်ရှိ အစိုးရ Mizoram Pradesh Congress Committee (MPCC) ဒု-ဥက္ကဌလည်း ဖြစ်သူ Pu R.Lalzirliana က စက်တင်ဘာလ ၁၄ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ထံ မိမိရာထူးမှ နုတ်ထွက်လိုက်ကြောင်း နုတ်ထွက်စာပေးပို့ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က MPCC လက်အောက်တွင်တည်ရှိသော Disciplinary Action Committee (DAC) ၏ ဆုံးဖြတ်ချက်အရ Pu R Lalzirliana အား အချက် (၃) ချက်ပါသော show cause notice ပေးပို့ခဲ့ပြီး ၄င်းပေးပို့သော အချက် (၃) ချက်အား စက်တင်ဘာ ၁၄ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းချက်ပေးရန်တောင်းဆိုခဲ့ကြကြောင်း သိရသည်။

၄င်းအဖွဲ့၏ သတ်မှတ်ထားသောရက် ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် Pu R.Lalzirliana က ယခုလို မိမိရာထူးမှ နုတ်ထွက်လိုက်ကြောင်း Congress Bhavan တွင် သတင်းသမားများအားပြောဆိုခဲ့ပြီး Congress ပါတီအနေနဲ့ကတော့ ပါတီမှ နုတ်ထွက်မခိုင်ပါက ထွက်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ယခုလို Pu R.Lalzirliana မိမိရာထူးမှ နုတ်ထွက်လိုက်သည့်အကြောင်းရင်းမှာ မိမိကိုရွေးကောက်တင်မြောက်သည့် နယ်မြေ ဖြစ်သော Saitual ကို district headquarters အဖြစ် ပေးအပ်ရန် ဆိုသည့်အချက်ကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ဂတိပေးခဲ့ထားပြီးသားဖြစ်ကြောင်း သို့သော်လည်း ၄င်း ဂတိပေးထားသည့်အရာကို အစိုးရသက်တမ်း ၁၀ နှစ်မှာတောင် အကောင်ထည် မလုပ်ဆောင်ပေးနိုင်ခဲ့သည့်အတွက် ယခုလို မိမိရာထူးမှ နုတ်ထွက်လိုက်ခြင်းဖြစ်သည်ဟု နုတ်ထွက်စာတွင် ဖော်ပြသည်။

ယခုလို DAC မှ ဖြေရှင်းချက်ထုတ်ခိုင်းရသည့်အကြောင်းရင်းမှာ မကြာခင်ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် အတိုက်ခံပါတီ Mizo National Font (MNF) ပါတီမှ ကိုယ်စာလှယ်လောင်းအဖြစ် Tawi နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့သည်ဟု မီဇိုရမ်းသတင်းစာ Vanglaini နှင့် Mizo Aw တွင် ရေးသားဖော်ပြခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...