မီဇိုရမ်ပြည်ထဲရေးဝန်ကြီး Pu R.Lalzirliana ရာထူးမှ နုတ်ထွက်

မီဇိုရမ်ပြည်ထဲရေးဝန်ကြီး Pu R.Lalzirliana ရာထူးမှ နုတ်ထွက်

မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးလည်းဖြစ် လက်ရှိ အစိုးရ Mizoram Pradesh Congress Committee (MPCC) ဒု-ဥက္ကဌလည်း ဖြစ်သူ Pu R.Lalzirliana က စက်တင်ဘာလ ၁၄ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ထံ မိမိရာထူးမှ နုတ်ထွက်လိုက်ကြောင်း နုတ်ထွက်စာပေးပို့ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က MPCC လက်အောက်တွင်တည်ရှိသော Disciplinary Action Committee (DAC) ၏ ဆုံးဖြတ်ချက်အရ Pu R Lalzirliana အား အချက် (၃) ချက်ပါသော show cause notice ပေးပို့ခဲ့ပြီး ၄င်းပေးပို့သော အချက် (၃) ချက်အား စက်တင်ဘာ ၁၄ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းချက်ပေးရန်တောင်းဆိုခဲ့ကြကြောင်း သိရသည်။

၄င်းအဖွဲ့၏ သတ်မှတ်ထားသောရက် ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် Pu R.Lalzirliana က ယခုလို မိမိရာထူးမှ နုတ်ထွက်လိုက်ကြောင်း Congress Bhavan တွင် သတင်းသမားများအားပြောဆိုခဲ့ပြီး Congress ပါတီအနေနဲ့ကတော့ ပါတီမှ နုတ်ထွက်မခိုင်ပါက ထွက်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ယခုလို Pu R.Lalzirliana မိမိရာထူးမှ နုတ်ထွက်လိုက်သည့်အကြောင်းရင်းမှာ မိမိကိုရွေးကောက်တင်မြောက်သည့် နယ်မြေ ဖြစ်သော Saitual ကို district headquarters အဖြစ် ပေးအပ်ရန် ဆိုသည့်အချက်ကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ဂတိပေးခဲ့ထားပြီးသားဖြစ်ကြောင်း သို့သော်လည်း ၄င်း ဂတိပေးထားသည့်အရာကို အစိုးရသက်တမ်း ၁၀ နှစ်မှာတောင် အကောင်ထည် မလုပ်ဆောင်ပေးနိုင်ခဲ့သည့်အတွက် ယခုလို မိမိရာထူးမှ နုတ်ထွက်လိုက်ခြင်းဖြစ်သည်ဟု နုတ်ထွက်စာတွင် ဖော်ပြသည်။

ယခုလို DAC မှ ဖြေရှင်းချက်ထုတ်ခိုင်းရသည့်အကြောင်းရင်းမှာ မကြာခင်ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် အတိုက်ခံပါတီ Mizo National Font (MNF) ပါတီမှ ကိုယ်စာလှယ်လောင်းအဖြစ် Tawi နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့သည်ဟု မီဇိုရမ်းသတင်းစာ Vanglaini နှင့် Mizo Aw တွင် ရေးသားဖော်ပြခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...