အိန္ဒိယ-မြန်မာနယ်စပ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

အိန္ဒိယ-မြန်မာနယ်စပ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲကို ရိခေါဒါရ်မြို့ရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ၊ ဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် လူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ (မြို့အုပ်ချုပ်ရေးမှူး) ဦးကျင်လမ်းခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ရိခေါဒါရ် နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းသန်းမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ၊ ပြစ်မှု ပြစ်ဒဏ်များနှင့် သတိပြုလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရန်ရှောင်ရန်အချက်များ အဓိက ဟောပြောဆွေးနွေးခဲ့ကြောင်း ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှုး ဦးလာလ်ပက်လောမ်က ပြောသည်။

ယခုလို လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်းအပေါ် အကျိုးသက်ရောက်မှု အနည်းနဲ့အများရှိနို်င်တယ် လို့ ထင်မိကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိနိုင်ငံ၊ လူမျိုးအတွက် အားကိုးအားထားရသည့် ပုဂ္ဂိုလ်ဖြစ်လာ ဖို့ ရည်မှန်းချက်ထားတတ်ဖို့ အဓိက ပစ်မှတ်ထားဟောပြောခဲ့ကြောင်း ဦးလာလ်ပက်လောမ်က ယခုလို ခိုနှုမ်းသုန်သတင်ဌာနကို ပြောသည်။

“ကျွန်တော်တို့ ချင်းတိုင်းရင်းသားတွေက ဆင်းရဲတာ ၊ ဘဝရပ်တည်နိုင်ရေးအတွက် နိုင်ငံခြားရောက်သွားတာ တော်တော်များတယ်။ တစ်ချို့တော်တော်များများက အဆင်ပြေသလို အဆင်မပြေမှု၊ လိမ်လည်မှု၊ ညည်ပန်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေမှု၊ ကျေးကျွန်သဖွယ်စေခိုင်းမှု၊ ခြိမ်းခြောက်မှုတွေ တွေ့ကြုံနေရတဲ့သူတွေလည်း မနည်းဘူးလို့ထင်မိတယ်။ ဒီလိုဟောပြောပွဲပြုလုပ်ပေးခြင်းအားဖြင့် အဆိုပါဆိုးကျိုးတွေသိသွားနိုင်တယ်၊ နည်းလမ်းတကျ(တရားဝင်နည်းလမ်းရဲ့လုံခြုံမှု)၊ ဒီလိုအခက်အခဲမကြုံရလေအောင် ကျောင်း သားကျောင်းသူများအနေနဲ့ သတိပြုမူတတ်ရေး၊ သင်ခန်းစာကို အလေးထားကြိုးစားအားထုတ်တတ်ရေး၊ မိမိနိုင်ငံ၊ လူမျိုးအတွက် အားကိုးအားထားရတဲ့ပုဂ္ဂိုလ်ဖြစ်လာဖို့ ရည်မှန်းချက်ထားတတ်ဖို့ကို အဓိကပစ်မှတ်ထားဟောပြောခြင်းဖြစ်ပါတယ်’’ ဟု ဦးလာလ်ပက်လောမ်က ပြောသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် စက်တင်ဘာ ၁၃ ရက်နေ့ကို လွန်ခဲ့သော ၂၀၁၃ ခုနှစ်ကစပြီး သတ်မှတ်ခဲ့ကာ မြန်မာနိုင်ငံ မြို့နယ်အသီးသီးတွင် အဆိုပါနေ့ကို ကျင်းပခဲ့ကြကြောင်း သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...