တပ်မတော်နှင့် AA တို့ အကြား စစ်ရေးတင်းမာနေ

တပ်မတော်နှင့် AA တို့ အကြား စစ်ရေးတင်းမာနေ
by -
စိုးသူအောင်

တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ရေးတင်းမာနေကြောင်း AA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
 

ရက္ခိုင့်အဖွဲ့(AA)အဖွဲ့ လှုပ်ရှားနေသည့် ပလက်ဝမြို့နယ်ရှိ "ထရော်အိုင်"အနီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့က မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး AA ဘက်မှ ဒဏ်ရာရသူ၂ ဦး၊ တပ်မတော်ဘက်မှ ၄ ဦး ခန့် ကျဆုံးခဲ့သည်ဟု AA ဘက်မှ ထုတ်ပြန်ထားသည်။

“ နောက်ဆုံးတိုက်ပွဲဖြစ်တာက စက်တင်ဘာ ၁ဝရက်နေ့ နေ့လည်ပိုင်း ၂ နာရီလောက်က တိုက်ပွဲ ဖြစ်တယ်။  မိနစ် ၂၀ လောက်တော့ကြာတယ်။ တင်းမာမှုကတော့ ရှိတယ်။ မြစ်ကြောင်းအထက်ပိုင်းပေါ့၊ ကုလားတန်တစ်လျှောက်လုံးတော့ ပြောလို့ရတာပေါ့။ အဲ့မှာတော့ စစ်ရေးတင်းမာမှုရှိတယ်” ဟု AA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

 အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးသို့ ဖုန်းဖြင့် မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

စစ်ရေးတင်းမာမှုဖြစ်ပွားရခြင်းမှာ AA အဖွဲ့လှုပ်ရှားရာနေရာများနှင့် ကုလားတန်မြစ်အထက်ပိုင်းတစ်လျှောက်တွင်  မြန်မာတပ်မတော်ဘက်မှ တပ်အင်အားများဖြည့်တင်းနေခြင်းကြောင့် ဟုလည်း ဦးခိုင်သုခကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ မေလ၂၈ ရက်နေ့တွင် နောက်ဆုံးဖြစ်ပွားခဲ့ပြီးနောက် ၃ လကြာ တိုက်ပွဲများ ရပ်နားနေခဲ့သည်။ သြဂုတ်လ ၂၉ ရက်နေ့မှာ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နောက် ယခုတစ်ကြိမ်စက်တင်ဘာလအတွင်း ပထမဆုံးအကြိမ်ထပ်မံ ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...