ချင်းပြည်နယ်တွင် သက်ငယ်မုဒိမ်းဖြစ်ပွားမှု တိုးလာ

ချင်းပြည်နယ်တွင် သက်ငယ်မုဒိမ်းဖြစ်ပွားမှု တိုးလာ

ချင်းပြည်နယ်တွင် ယခင်က သက်ငယ်မုဒိမ်းဖြစ်ပွားမှု မရှိသလောက်ဖြစ်ခဲ့သော်လည်း ယခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှု (၄) မှုဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရော က်အရေးယူဆောင်ရွက်လျက်ရှိသည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။

ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင့်ထန်က “အရင်တုန်းကတော့ မရှိဘူး မရှိဘူးဆိုတာက မတက်လာတာလားမသိဘူး ၅ လ ၆ အတွင်းမှာ ၄ မှုလောက်တက်လာတဲ့အခါကျတော့ စိတ်ပူတာပေါ့ ဘာဖြစ်လို့ ဒီလိုဖြစ်လာတာလဲပေါ့ ကျနော့်အနေနဲ့တော့ အရေးယူမှုကို ပြင်းပြင်းထန်ထန်အရေးယူဖို့ ပြီးတော့ ဘာသာရေးဘက်ကရော တခြားအဖွဲ့အစည်းတွေအနေနဲ့ ပညာပေးတဲ့အပိုင်းကို များများလုပ်ပေးဖို့နှိုးဆော်ထားပါတယ်’’ ဟု ပြောသည်။

၂၀၁၈ ခုနှစ်အတွင်း စက်တင်ဘာလအထိ ဟားခါးမြို့ နယ်တွင် သက်ငယ်မုဒိမ်းမှု ၂ မှု၊ ဖလမ်းမြို့နယ်တွင် ၁ မှုနှင့် မတူပီမြို့နယ်တွင် ၁ မှု စုစုပေါင်း ၄ မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ ပြစ်မှုကျူးလွန်သူများကိုလည်း ထောင်ဒဏ်နှစ် (၂၀) စီ အမိန့်ချမှတ်ထားသည် ဟု သိရသည်။

“ချင်းပြည်နယ်မှာက သိတဲ့တိုင်းပဲ ရိုးရာနဲ့ကျေအေးတာတို့ရှိတယ် ဒီကိစ္စတွေက ကျေအေးလို့မရဘူး မကျေအေးသင့်ဘူး အမှုဖြစ်တယ်ဆိုရင် အမှုကိုမကြန့်ကြာစေဘဲ အမြန်ဆုံးအမိန့်ချနိုင်ဖို့ အရေးကြီးပါတယ်’’ ဟု ဝန်ကြီးကပြောသည်။

သက်ငယ်မုဒိမ်းမှုလျှော့ချလာစေရေးအတွက် ပြစ်မှုကျူးလွန်သူများကို အပြင်ထန်ဆုံးပြစ်ဒဏ်များ ချမှတ်ရမှာဖြစ်ပြီး ဘာသာရေးနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကလည်း ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်သည်ဟု ဝန်ကြီးက ဆက်ပြောသည်။

မုဒိမ်းပြုကျင့်ခံရသည့် ကလေးငယ်များကို ချင်းပြည်နယ်အစိုးရမှ တစ်ယောက် ကျပ်ငွေ တစ်သိန်းစီထောက်ပံ့ပေးထား သည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...