KIA တပ်စခန်းတစ်ခုကို တပ်မတော်မှ သိမ်းပိုက်ခဲ့သည်ဆိုသောသတင်းမှာ မဟုတ်မှန်ဟုဆို

KIA တပ်စခန်းတစ်ခုကို တပ်မတော်မှ သိမ်းပိုက်ခဲ့သည်ဆိုသောသတင်းမှာ မဟုတ်မှန်ဟုဆို
by -
စိုးသူအောင်၊ ဇေယျာမော်

ကချင်ပြည်နယ်အရှေ့ဘက် မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIA တပ်စခန်း တစ်ခုကို မြန်မာ့တပ်မတော်မှ စက်တင်ဘာ (၈) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဆိုသောသတင်းမှာ မဟုတ်မှန်ကြောင်း KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော် အတည်ပြုပြောသည်။

ထို့အပြင်အဆိုပါ ဒေသတစ်ဝိုက်နှင့် ကချင်ပြည်နယ်အတွင်း KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုများ လတ်တလောတွင် မရှိခဲ့ဟုလည်း KIA/KIO ဘက်မှသိရသည်။

“ ကျွန်တော်တို့ရှေ့တန်းက တပ်ပိုင်းဆိုင်ရာသတင်းထောက်တွေကိုလည်းမေးနေပါတယ်။ နောက်ပြီးတော့ အဲ့ဘက်မှာတိုက်ပွဲဖြစ်တာလည်း လုံးဝမကြား ဘူး။ အခုထွက်နေတာက ကချင်သတင်းဌာန တစ်ခုက ရေးထားတာတွေ့ရပါတယ်။ ဒါပေမယ့် အတည်ပြုလို့မရဘူး။ ကချင်ပြည်နယ် ဘက်မှာတော့ တိုက် ပွဲဖြစ်တဲ့နေရာမရှိဘူး” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

Dabak နှင့် Maisak Pa ကြား အဆိုပါ KIA ရှေ့တန်းစခန်းငယ်ကို အစိုးရတပ် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် ယမန်နေ့ ညနေ (၄)နာရီခန့်တွင် တိုက်ပွဲဖြစ်ပြီး ၎င်းစခန်းကို စွန့်ခွာပေးလိုက်ရသည်ဟု ကချင်သတင်းဌာနတစ်ခုကရေးသားထားခြင်းလည်းဖြစ်သည်။

KIO သည် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA)တွင် လက်မှတ် ရေးထိုးထားခြင်းမရှိသေးဘဲ “၀” အဖွဲ့ဦးဆောင်သည့် FPNCC  မှတစ်ဆင့် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် တောင်းဆိုနေသည့်အဖွဲ့ဖြစ်ပြီး ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် တပ်မတော်နှင့်တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အနေဖြင့် တပ်မတော်အစိုးရလက်ထက်တွင် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင် ခဲ့သော်လည်း သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင်မှ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့ခြင်းလည်းဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...