TNLA မှဖမ်းဆီးထားသောအမျိုးသမီးအား ပြန်လွှတ်ပေးရန် NRPC တောင်းဆို

TNLA မှဖမ်းဆီးထားသောအမျိုးသမီးအား ပြန်လွှတ်ပေးရန် NRPC တောင်းဆို
by -
စိုးသူအောင်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA) မှ ဖမ်းဆီးထိမ်းသိမ်းထားသော နမ့်ခမ်းမြိုခံ နန်းမိုဟွမ် ဆိုသည့်အမျိုးသမီး ကိုပြန်လွှတ်ပေးရန် NRPC ဘက်မှတောင်းဆိုလိုက်သည်။

စက်တင်ဘာ ၁၀ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးမှနေ၍ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အပြစ်မဲ့ပြည်သူအားအကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံတော်အစိုးရက ကြိုးပမ်းလုပ်ဆောင်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကိုလည်းထိခိုက်စေသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ကြောင့် နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေသည့် မည်သည့်လုပ်ရပ်ကိုမဆို ပြင်းထန်စွာရှှုပ်ချ ကြောင်းလည်း NRPC ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

TNLA ဘက်ကမှု အဆိုပါအမျိုးသမီးသည် TNLA အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန် ထမ်းဆောင် နေစဉ် ဝန်ထမ်းများအား အပြင်းအထန် ထိခိုက်သေဆုံးသည်အထိ တာဝန်ဝတ္တရား နှောင့်ယှက်ခဲ့သောကြောင့် TNLA ဥပဒေအရ အများပြည်သူရှေ့တွင် အပြစ်ပေးအရေးယူဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

ယင်းအတွက်ကြောင့် နန်းမိုဟွမ်ကို TNLA ဗဟိုတရားရုံးမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီရင်ချက်ချမည့်နေ့တွင် ၄င်း၏ ဆွေမျိုးသားချင်းများနှင့် အများပြည်သူရှေ့တွင် ဆုံးဖြတ်စီရင်ချက်ချမှတ်သွားရန်စီစဉ်ပေးသွားမည်ဟု TNLA  ဘက်ကသတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့်နှစ် အတွင်းပိုင်း၌ နန်းမိုဟွမ်၏ နေအိမ်သို့ TNLA အဖွဲ့မှ ဆက်ကြေးလာတောင်းပြီး ပြန်အထွက်တွင် တပ်မတော်နှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ TNLA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦးအဖမ်းခံခဲ့ရသည်။

ယင်းကိစ္စတွင် နန်းမိုဟွမ်မှ သတင်းပေးခဲ့ခြင်းကြောင့်ဖြစ်သည်ဟုစွပ်စွဲကာ နန်းမိုဟွမ်ကို TNLA ဘက်က သြဂုတ်  ၁၇ ရက်တွင် ၎င်း၏ နေအိမ်၌ လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...