(၂၁) ရာစုပင်လုံညီလာခံပြန်လည်သုံးသပ်ပွဲ မွန်ပြည်သစ်ပါတီကျင်းပ

(၂၁) ရာစုပင်လုံညီလာခံပြန်လည်သုံးသပ်ပွဲ မွန်ပြည်သစ်ပါတီကျင်းပ
မွန်ပြည်သစ်ပါတီ၏ (၂၁) ရာစုပင်လုံညီလာခံပြန်လည်သုံးသပ်ပွဲ(ဓါတ်ပုံ-မွန်ပြည်သစ်သတင်းစဉ်)
မွန်ပြည်သစ်ပါတီ၏ (၂၁) ရာစုပင်လုံညီလာခံပြန်လည်သုံးသပ်ပွဲ(ဓါတ်ပုံ-မွန်ပြည်သစ်သတင်းစဉ်)

မွန်ပြည်သစ်ပါတီမှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) ပြန်လည်သုံးသပ်ခြင်းအခမ်းအနားကို ရေးချောင်းဖျားဒေသရှိ ဝယ်ဇင်စခန်း၌ စက်တင်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့ကြောင်း တက်ရောက်သူများထံမှ သိရသည်။

စက်တင်ဘာ ၆-၇ ရက်နေ့တွင်  ၂ ရက်တာကျင်းပသည့် ယင်းအခမ်းအနားသို့ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ် လက်အောက်ခံဌာနများ၊ ခရိုင်များဖြစ်သော မော်လမြိုင်၊ သထုံ၊ ထားဝယ်နှင့် ဗဟိုပတ်ဝန်းကျင် အုပ်ချုပ်ရေးဒေသ တာဝန်ရှိသူများနှင့် ဖိတ်ကြားသင့်သူများ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။  

အခမ်းအနားသဘာပတိအဖြစ် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင််းက ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် မွန်ပြည်သစ်ပါတီ၏ ဆက်စပ်မှုကို၄င်း၊ ဗဟိုနိုင်ငံရေးရာဌာန ဒုတာဝန်ခံ နိုင်အောင်မငေးက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) လုပ်ငန်းစဉ်များကို၄င်း ရှင်းလင်းတင်ပြခဲ့သည်ဟု မွန်ပြည်သစ်သတင်းစဉ်က ရေးသားဖော်ပြသည်။

ကဏ္ဍကြီး ၅ ရပ်ဖြစ်သည့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာသယံဇာသဘာဝဝန်းကျင်တို့တွင် နေပြည်တော် (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) ၌ ဦးဆောင်ဆွေးနွေးခဲ့သည့် မွန်ပြည်သစ်ပါတီခေါင်းဆောင်များ ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်သူများကလည်း သိလိုသည်များကို မေးမြန်းအကြံပြုခဲ့ကြောင်း သိရသည်။  

ထို့ပြင် မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးပါတီများနှင့် မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများပူးပေါင်း၍ (၂၁) ရာစုပင်လုံညီလာခံပြန်လည်သုံးသပ်ပွဲကို မကြာမီကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း တက်ရောက်သူများက ဆိုသည််။  

အလားတူ ၂၁ ရာစုပင်လုံညီလာခံရလဒ်များနှင့် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးများကို မွန်နိုင်ငံရေး ပါတီများက သြဂုတ် ၃၁ နှင့် စက်တင်ဘာ ၁ ရက်နေ့တွင်၄င်း၊ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများက စက်တင်ဘာ ၁ -၂ ရက်များတွင်၄င်း အသီးသီးကျင်းပခဲ့ပြီး ဖြစ်သည်။

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...