ကချင်ပါတီများ ကို မဲဆွယ်စည်းရုံးရေးဆိုင်ရာ သင်တန်း ပေး

ကချင်ပါတီများ ကို မဲဆွယ်စည်းရုံးရေးဆိုင်ရာ သင်တန်း ပေး

ကချင်နိုင်ငံရေးပါတီများ အရည်အချင်းရှိရှိ မဲဆွယ်စည်းရုံးနိုင်ရန် (Election Campaign Management) အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ Wun Tawp Hotel တွင် စက်တင်ဘာလ ၇-၈ တွင် ပြုလုပ် ခဲ့ပါသည်။



Kachin Development Networking Group (KDNG) အဖွဲ့ ဦးဆောင်ပြီး ဆရာ Kap Khan Khul (International Republican Institute) မှ ပို့ချဆွေးနွေးပေးခဲ့သည်။

ယခင်ရွေးကောက်ပွဲများတွင် မဲဆွယ်စည်းရုံးရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ကောင်းမွန်စွာ နားလည်သဘောပေါက်မှု မရှိခဲ့သောကြောင့် ဆုံးရှုံးနစ်နာမှုများရှိခဲ့ကြောင်းကို ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ဦး Chyahkyi Pan Naw ပြောဆိုသည်။

“လွန်ခဲ့တဲ့ ၂၀၁၅ရွေးကောက်မှာ ကျနော်တို့ကချင်ပါတီများ တော်တော်လေး ဆုံးရှုံးနစ်နာခဲ့ရတယ်။ ဒီတစ်ခေါက်က ကချင်ပါတီ (၄)ပါတီများ စုံစုံလင်လင် တွေ့ရတဲ့အတွက် အရမ်းပျော်တယ်။ ရောက်ရှိတော့မယ့် ရွေးကောက်ပွဲကို စိတ်လှုပ်ရှားနေပါတယ်” ဟု ကချင်သတင်းဌာန KNG ကို ပြောဆိုသည်။

ရွေးကောက်ပွဲအချိန်ကာလ မတို်င်မှီ ယခုလို ရွေးကောက်ပွဲနှင့်ပတ်သက်သော သိသင့်သိထိုက်သော နည်းဥပဒေများကို ဆွေးနွေးခွင့်ရသောကြောင့် အထူးဝမ်းသာကြောင်းကိုလည်း ပြောဆိုသည်။

ထို ဆွေးနွေးပွဲကို ကချင်ပါတီပေါင်းစည်းအဖွဲ့မှ ကိုယ်စားလှယ်များ အပြင် ရွေးကောက်ပွဲဆိုင်ရာ စေတနာ့ ဝန်ထမ်းများ စုစုပေါင်း လူဦးရေ (၅၀)ခန့် ဆွေးနွေးပါဝင်ခဲ့ခြင်းဖြစ်သည်။

Most read this week

ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...