ချင်းပြည်နယ်နှင့် မကွေးတိုင်းတွင် စိုက်ပျိုးမွေးမြူးရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကန်ဒေါ်လာ (၈) သန်း ချေးယူရန် ပြည်ထောင်စုလွှတ်တော်အတည်ပြု

ချင်းပြည်နယ်နှင့် မကွေးတိုင်းတွင် စိုက်ပျိုးမွေးမြူးရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကန်ဒေါ်လာ (၈) သန်း ချေးယူရန် ပြည်ထောင်စုလွှတ်တော်အတည်ပြု

ချင်းပြည်နယ် နှင့် မကွေးတိုင်းဒေသတွင် စိုက်ပျိူးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အပြည်ပြည်ဆိုင်ရာ စိက်ပျိူးရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (IFAD) ထံသို့ အမေရိကန်ဒေါ်လာ(၈.၉၈၄) သန်း ချေးငွေရယူရန် စက်တင်ဘာလ (၆) ရက်နေ့တွင် ကျင်းပသော နဝမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။

ယင်းချေးငွေဖြင့် ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက် နှင့် မကွေးတို်င်းဒေသကြီး ပေါက်၊ မြိုင် ဒေသတို့တွင် စိုက်ပျိူးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်မည်ကြမည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၉ သောင်းကျော်နှင့် ကျေးလက်နေပြည်သူ ၄.၃ သိန်းဝန်းကျင်ခန့်အကျိူးပြုနိုင်မည်ဟု သိရသည်။

အဆိုပါချေးငွေသည့် အတိုးမဲ့ ချေးငွေဖြစ်ပြီး ဝန်ဆောင်ခအဖြစ် တစ်နှစ်လျှင် ၀.၇၅ ရာခိုင်နှုန်းပေးချရမည်ဖြစ်သည်။ ပြန်လည်ပေးချေရမည့်ကာလမှာလည်း နှစ်ပေါင်း ၄၀ ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...