UNFC မှနုတ်ထွက်ရေးကို မွန်ပြည်သစ်ပါတီ ပြန်လည်စဉ်းစားမည်

UNFC မှနုတ်ထွက်ရေးကို မွန်ပြည်သစ်ပါတီ ပြန်လည်စဉ်းစားမည်
by -
စိုးသူအောင်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှနုတ်ထွက်မည့် ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားသွားရန်ရှိကြောင်း UNFC ဒုဥက္ကဋ္ဌလည်းဖြစ် မွန်ပြည်သစ်ပါတီ၏ ဒုက္ကဋ္ဌလည်းဖြစ်သူ နိုင်ဟံသာက မဇ္စျိမသို့ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် အစိုးရ၏ အပစ်ရပ်စာချုပ် NCA တွင် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း UNFC မှနုတ်ထွက်ရန် ၄င်းတို့၏ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

“ မဟုတ်သေးဘူးဗျ။ မသေချာသေးဘူးနော်။ အရင်ကဆုံးဖြတ်ထားတာတော့ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ပြန်သုံးသပ်မှာပါ။ ပြန်စဉ်းစားဖို့အခု အစီစဉ်ရှိနေတယ်”ဟု နိုင်ဟံသာကဆိုသည်။

လွန်ခဲ့သည့် ရက်ပိုင်းက မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က မွန်သတင်းအေဂျင်စီသို့ မွန်ဘာသာဖြင့် ဖြေဆိုခဲ့သည့် အင်တာဗျူးတစ်ခုတွင် UNFC မှနုတ်ထွက်ပြီး ဆက်စပ်အဖွဲ့ အစည်းအနေဖြင့်သာ ရပ်တည် သွားမည်ဟု ပြောဆိုချက်နှင့်ပတ်သက်ပြီး မဇ္စျိမမှမေးမြန်းရာတွင်ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါနုတ်ထွက်မည့်ကိစ္စအတည်ဖြစ်၊ မဖြစ်ကို မွန်ပြည်သစ်ပါတီအတွင်း အစည်းအဝေးတစ်ရပ်ခေါ်ယူကာ ပြန်လည်ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်းလည်း နိုင်ဟံသာကဆိုသည်။

မွန်ပြည်သစ်ပါတီသည် ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုကျင်းပပြီးစီးခဲ့ပြီး ၂၁ရာစု ပင်လုံညီလာခံတတိယအကြိမ်ကိုလည်း တက်ရောက်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်များမှဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ကိုတရားဝင် ဝင်ရောက်ရေးကိုလည်း အကောင်အထည်ဖော်နေကြောင်း သိရသည်။

UNFC တွင် အဖွဲ့ဝင်များဖြစ်ကြသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုုးသားကောင်စီ (ANC) တို့မှာ NCA လက်မှတ်ရေးနိုင်ခြင်းမရှိသေးဘဲ မွန်ပြည်သစ်ပါတီ (NMSP)၊  လားဟူဒီမို ကရပ်တစ် အစည်းအရုံး (LDU) တို့သာ အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားခြင်းလည်းဖြစ်သည်။

 

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...