မြန်မာအစိုးရ NRPC နှင့် KIO ကူမင်း အစည်းအဝေး ပျက်

မြန်မာအစိုးရ NRPC နှင့် KIO ကူမင်း အစည်းအဝေး ပျက်

မြန်မာအစိုးရ NRPC ငြိမ်းချမ်းရေး ကော်မတီ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ စက်တင်ဘာ (၅)ရက်နေ့တွင် ပထမဆုံး တရုတ်ပြည် ကူမင်းမြို့တွင် တွေ့ဆုံ ဆွေးနွေးရန်ရှိသော်လည်း နှစ်ဖက် မဆွေးနွေးနိုင်ဘဲ အစည်းအဝေး ထပ်မံ ပျက်ရကြောင်း KIO သတင်းရပ်ကွက် က ဆိုသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦး က ‘အလွတ်သဘော ဆွေးနွေးရန်’ ပြောလာခြင်းကို ဗိုလ်ချုပ် Gun Maw ဦးဆောင်သော KIO ကိုယ်စားလှယ် အဖွဲ့ လက်မခံသောကြောင့် နှစ်ဖက် အစည်းအဝေး ပျက်ရသည်ဟု KIO သတင်းရပ်ကွက် မှ သိရသည်။

ယခုလို အစည်းအဝေး ပျက်ရခြင်းပေါ် KIO ဒုတိယ ဥက္ကဌ-၂ ဟောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ဥက္ကဌ ဒေါက်တာ Manam Tu Ja (မနမ် တူးဂျာ) ကချင်သတင်းဌာန KNG ကို ပြောသည်။

“ကနော့်အမြင်ကတော့ အခု တရုတ်က ဒီငြိမ်းချမ်းရေး ရစေချင်တဲ့အတွက်ကြောင့် စေတနာနဲ့ တွေ့ဆုံပေးတာပေါ့လေး။ ဟို အရင်ကလည်း နှစ်ခါလောက်ရှိပြီ။ တပ်အချင်းချင်းတွေ့ဆုံနိုင်အောင် ကြားကနေ ဆောင်ရွက်ပေးတယ်။ အခုက ငြိမ်းချမ်းရေးကော်မတီနဲ့ KIO ပန်ပြီး တွေ့ဆုံနိုင်အောင် ဆောင်ရွက်ပေးတာပေါ့။ ဒါမဲ့ ဒီ ကာရကံရှင် နှစ်ဖက်က ကြိုတင်ပြင်ဆင်မှုမှာ အားနည်းတယ်လို့ မြင်တယ်။ ဟို တွေ့ဆုံပွဲမှာ အလွတ်သဘော တွေ့ဆုံမယ်ဆိုရင်လည်း ကြိုတင် ညှိနှိုင်းရမယ်။”

ကူမင်း အစည်းအဝေးတွင် KIO နှင့် ဆွေးနွေးပွဲ မဖြစ်သော်လည်း ကျန် မြောက်ပိုင်းမဟာမိတ် (Northern Alliance-Burma) အဖွဲ့ဝင် တအောင်း TNLA၊ ရခိုင် AA နှင့် ကိုးကန့် MNDAA အဖွဲ့များနှင့် အစိုးရ NRPC ကြား ဆွေးနွေးမှုရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွင်းမှာပဲ တရုတ်နိုင်ငံ ယူနန်ပြည်နယ် Dali မြို့တွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော တပ်မတော် ကိုယ်စားလှယ်အဖွဲ့ နှင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး Nban La (အင်ဘန်လ) ဦးဆောင်သော ဗဟိုကိုယ်စားလှယ်အဖွဲ့ ကြား (၂)ကြိမ် တွေ့ဆုံခဲ့သော်လည်း အပြုသဘောဆောင်သော ရလဒ် မရဘဲ အစည်းအဝေး ပျက်ခဲ့ရသည်။

Most read this week

ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...