မြန်မာအစိုးရ NRPC နှင့် KIO ကူမင်း အစည်းအဝေး ပျက်

မြန်မာအစိုးရ NRPC နှင့် KIO ကူမင်း အစည်းအဝေး ပျက်

မြန်မာအစိုးရ NRPC ငြိမ်းချမ်းရေး ကော်မတီ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ စက်တင်ဘာ (၅)ရက်နေ့တွင် ပထမဆုံး တရုတ်ပြည် ကူမင်းမြို့တွင် တွေ့ဆုံ ဆွေးနွေးရန်ရှိသော်လည်း နှစ်ဖက် မဆွေးနွေးနိုင်ဘဲ အစည်းအဝေး ထပ်မံ ပျက်ရကြောင်း KIO သတင်းရပ်ကွက် က ဆိုသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦး က ‘အလွတ်သဘော ဆွေးနွေးရန်’ ပြောလာခြင်းကို ဗိုလ်ချုပ် Gun Maw ဦးဆောင်သော KIO ကိုယ်စားလှယ် အဖွဲ့ လက်မခံသောကြောင့် နှစ်ဖက် အစည်းအဝေး ပျက်ရသည်ဟု KIO သတင်းရပ်ကွက် မှ သိရသည်။

ယခုလို အစည်းအဝေး ပျက်ရခြင်းပေါ် KIO ဒုတိယ ဥက္ကဌ-၂ ဟောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ဥက္ကဌ ဒေါက်တာ Manam Tu Ja (မနမ် တူးဂျာ) ကချင်သတင်းဌာန KNG ကို ပြောသည်။

“ကနော့်အမြင်ကတော့ အခု တရုတ်က ဒီငြိမ်းချမ်းရေး ရစေချင်တဲ့အတွက်ကြောင့် စေတနာနဲ့ တွေ့ဆုံပေးတာပေါ့လေး။ ဟို အရင်ကလည်း နှစ်ခါလောက်ရှိပြီ။ တပ်အချင်းချင်းတွေ့ဆုံနိုင်အောင် ကြားကနေ ဆောင်ရွက်ပေးတယ်။ အခုက ငြိမ်းချမ်းရေးကော်မတီနဲ့ KIO ပန်ပြီး တွေ့ဆုံနိုင်အောင် ဆောင်ရွက်ပေးတာပေါ့။ ဒါမဲ့ ဒီ ကာရကံရှင် နှစ်ဖက်က ကြိုတင်ပြင်ဆင်မှုမှာ အားနည်းတယ်လို့ မြင်တယ်။ ဟို တွေ့ဆုံပွဲမှာ အလွတ်သဘော တွေ့ဆုံမယ်ဆိုရင်လည်း ကြိုတင် ညှိနှိုင်းရမယ်။”

ကူမင်း အစည်းအဝေးတွင် KIO နှင့် ဆွေးနွေးပွဲ မဖြစ်သော်လည်း ကျန် မြောက်ပိုင်းမဟာမိတ် (Northern Alliance-Burma) အဖွဲ့ဝင် တအောင်း TNLA၊ ရခိုင် AA နှင့် ကိုးကန့် MNDAA အဖွဲ့များနှင့် အစိုးရ NRPC ကြား ဆွေးနွေးမှုရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွင်းမှာပဲ တရုတ်နိုင်ငံ ယူနန်ပြည်နယ် Dali မြို့တွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော တပ်မတော် ကိုယ်စားလှယ်အဖွဲ့ နှင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး Nban La (အင်ဘန်လ) ဦးဆောင်သော ဗဟိုကိုယ်စားလှယ်အဖွဲ့ ကြား (၂)ကြိမ် တွေ့ဆုံခဲ့သော်လည်း အပြုသဘောဆောင်သော ရလဒ် မရဘဲ အစည်းအဝေး ပျက်ခဲ့ရသည်။

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...