ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း လုပ်သားများ ကုမ္ပဏီက လုပ်အားခထုတ်မပေးလို့ အခက်ကြုံနေကြ

ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း လုပ်သားများ ကုမ္ပဏီက လုပ်အားခထုတ်မပေးလို့ အခက်ကြုံနေကြ

အိန္ဒိယ-မြန်မာနိုင်ငံအကျိူးတူပူးပေါင်းဆောင်ရွက်နေသည့် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ် သော ချင်းပြည်နယ်ပလက်ဝမြိုနယ် မှ မီဇိုရမ်ပြည်နယ်အကြား ကားလမ်းဖောက်လုပ်ရေး အခြေခံအဆောက်အဦးတည် ဆောက်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများသည် သက်ဆို်င်ရာကုမ္ပဏီမှ လုပ်အားခ ထုတ်မပေး သည့်အတွက် အခက်ကြုံနေကြရသည်ဟု သိရသည်။

အိန္ဒိယကုမ္ပဏီတစ်ခုဖြစ်သည့် C&C ကုမ္ပဏီမှ ပလက်ဝမြို့ ကုလားတန်း မြစ်အရှေ့ဘက်၊ ကက္ကူးဝ နှင့် တွီကင်း အလောင်း ဒေသတို့တွင် အဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းကို တာဝန်ယူလုပ်ကိုင်ပြီး ပလက်ဝဒေသခံ အယောက် ၁၀၀ ခန့်က နေ့စားအဖြစ် အလုပ်လုပ်ကိုင်နေကြရပြီး ပြီးခဲ့သည့် ဇွန်လ ကတည်းက လုပ်အားခမရကြေ တာ့ကြောင်း နေ့စားအလုပ်လုပ်ကိုင်နေသည့် ပန်းရံဆရာတစ်ဦးက ခိုနူမ်းသုန်သတင်းဌာနကိုပြောပြ သည်။

“သူတို့က နောက်တစ်လနောက်တစ်လဆိုပြီး အချိန်ဆွဲနေတယ် ကျနော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘဝဖြစ်တယ် သွားတောင်ရင်လည်း ဟိုဘက်ကနေ ပိုက်ဆံမလွှဲသေးဘူးဆိုပြီး အကြောင်းအမျိူးမျိူးပြတယ် ဘယ်လိုလုပ်ရမလဲမသိတော့ ဘူး’’ ဟု ၎င်းကပြောသည်။

ပလက်ဝဒေသခံများသည် ပလက်ဝတစ်ဖက်ကမ်းရှိ ရေနက်ဆိပ်ကမ်းတည်ရှိရာတွင် တစ်ရက်လုပ်အားခ (၈၀၀၀ မှ ၁၀၀၀၀) ဖြင့် လုပ်ကိုင်ကြပြီး သက်ဆိုင်ရာ C&C ကုမ္ပဏီမှ စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပေးမည်ဟု ပြောဆိုကာ သွားရောက်တောင်းဆိုခဲ့ကြ သော်လည်း အကြေားအမျိူးမျိူးထပ်ပြကာ ထုတ်မပေးခဲ့ကြောင်း အဆိုပါပုဂ္ဂိုလ်ထံမှ သိရသည်။

ယခုလက်ရှိတွင် ကုမ္ပဏီဘက်မှ လုပ်အားခရှင်းမပေးနိုင်သည့်အတွက် တစ်လခန့်အလုပ်ရပ်နားထားရပြီဟု သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...