တပ်မတော်မှ Kahtan Yang ရွာသား (၂)ဦး ကို ဖမ်းဆီး ခေါ်ဆောင်သွား

တပ်မတော်မှ Kahtan Yang ရွာသား (၂)ဦး ကို ဖမ်းဆီး ခေါ်ဆောင်သွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် Kahtan Yang (ကထန်ယန်) ကျေးရွာအုပ်စု ရပ်ကွက်(၂)နေ ဦး Hpauyam La Sam အသက်(၃၅)၊ နှင့် လွယ်ဆိုင်ကျေးရွာ ရပ်ကွက်(၂)နေ ဦး Lapyaw Hkawng Dau အသက် (၅၀)ရှိ အရပ်သား (၂) ဦးအား ကားမိုင်းဗျူဟာ တပ်မ(၃၃) လက်အောက်ခံတပ်များ ယမန်နေ့ နံနက် ၃ နာရီခွဲခန့်တွင် ဖမ်းဆီးသွားကြောင်း ကနဦး သတင်းအရ သိရသည်။

“မနက် ၃ နာရီလောက်မှာ ခွေးတွေရမ်းဟောင်နေလို့ ထကြည့်တာ သူတို့က အိမ်နားမှာရောက်နေကြပြီ ပြီးတော့ အိမ်ထဲဝင်လာပြီး အိမ်ထောင်စုတွေ မှတ်ပုံတင်တွေ စစ်တယ် ပြီးတော့ ဓါတ်ပုံရိုက်သွားတယ်။ ပြီးတော့ ကျမအမျိုးသားကို ခဏ လိုက်ခဲ့ပါဆိုပြီးခေါ်သွားတယ်။ လှေကားထိပ်ရောက်တော့ လက်တစ်ဖက်ကို ကြိုးတုတ်ပြီး ဖမ်းသွားကြတယ်” ဟု ဖမ်းဆီးခံရသူ ဦး Lapyaw Hkawng Dau (လဖျော်ခေါင်ဒေါင်) ဇနီး ဒေါ် Lum Tsai (လွမ်းစိုင်း) ပြောသည်။

ရွာသားများပြောပြချက်အရ ယခုစစ်ကြောင်းသည် အင်အား ၁၀၀ ကျော် ခန့်ရှိပြီး Loi Seng (လွယ််ဆိုင်) ကျေးရွာ နှင့် Kahtan Yang (ကထန်ယန်) ကျေးရွာရှိ မသင်္ကာသော အိမ်များ၌ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဦး Hpauyam La Sam (ဖော်ယမ်လဆမ်) ကို လည်း လမ်းပြ အဖြစ် ခေါ်ဆောင်သွားကြောင်း သူ၏ ဇနီး ဖြစ်သူ မှ သိရပါသည်။

“ကျမ အပြင်ထွက်လာတာ စစ်သားသုံးယောက်က လှေခါးရင်းမှာ ရောက်နေပြီ ခြံပေါက်ဝမှာတော့ ၄ ယောက် ရပ်နေတာတွေ့တယ်။ ကျမကို ဦး Brang Awng (ရန်အောင်)အိမ် သိလားမေးတော့ ကျမလည်း မသိတာနဲ့ ကျမအမျိုးသားကိုခေါ်လိုက်တယ်။ အမျိုးသားထွက်လာတော့ သူ့ကိုလည်း မေးတယ် သူလည်း မသိ ဘူးပြောတော့ ကျနော်တို့နဲ့ လမ်းပြခဏလိုက်ခဲ့ပေးပါ။ စိုးရမ်းစရာ မလိုဘူး ဘာမှမလုပ်ဘူး ဆိုပြီး ခေါ်သွားတယ်” ဟု ပြောသည်။

ယခုချိန်ထိ ဖမ်းဆီးခေါ်ဆောင်သွားခံရသူ (၂)ဦး နှင့် အဆက်အသွယ် မရရှိသေးသောကြောင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နှင့် ဘာသာရေးအဖွဲ့ွပေါင်းပြီး ကားမိုင်းထွေအုပ်ရုံးတွင် အကြောင်းကြားထားပြီး ထွေအုပ်ရုံးဘက်မှလည်း ဗျူဟာမှူးနှင့် တွေ့ပေးမည်ဟု အကြောင်းပြန်ထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး မှ သိရသည်။

“လက်နက်ကိုင်ပြီး ခုလို ရွာသားတွေကို မတရားဖမ်းဆီးခေါ်သွားတာတော့ မလုပ်သင့်ဘူးလို့ ကျနော်မြင်တယ်” ဟု Kahtan Yang (ကထန်ယန်) ကျေးရွာ အုပ်ချုပ်ရေးမှုး သုံးသပ်သည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...