မြောက်ပိုင်း ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ တရုတ်၌ တွေ့ဆုံ

မြောက်ပိုင်း ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ တရုတ်၌ တွေ့ဆုံ
by -
စိုးသူအောင်
(ဓာတ်ပုံ - FPNCC)
(ဓာတ်ပုံ - FPNCC)

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် တအာဝ်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နှင့် ရက္ခိုင့်အဖွဲ့ (AA) တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေး အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တို့က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း၏ စေ့စပ်ပေးမှုဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် (PC) ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး အပါဝင် အဖွဲ့ဝင်များက စက်တင်ဘာ ၅ ရက်နေ့တွင် သွားရောက်တွေ့ဆုံကြခဲ့ကြခြင်းလည်း ဖြစ်သည်။

“ ဒီဟာက ပဏာမတွေ့ဆုံမှုပဲ ဖြစ်တယ်။ အသေးစိတ်ဆွေးနွေးမှုကတော့ မပြုလုပ်နိုင်ခဲ့ဘူး။ ဒီဟာက ရှေ့လျှောက်တွေ့ဆုံမှုက ဘယ်လိုလုပ်မလဲ အပြန်အလှန်ဆွေးနွေးကြပါတယ်။ ဆွေးနွေးမှုလမ်းကြောင်းပွင့်သွားတာပေါ့။ ရလဒ်တစ်ခုကတော့ လာမယ့် အောက်တိုဘာလမှာ ပြန်တွေ့ဖို့ ရက်အတိအကျတော့ မသတ်မှတ်ရသေးဘူး “ ဟု တအာဝ်းအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး တာအိုက်ကျော် က ပြောသည်။

အဆိုပါတွေ့ဆုံမှုတွင် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးညှိနှိုင်းမှုကော်မတီ (FPNCC) အဖွဲ့ကို ဦးဆောင်သည့် "ဝ"အဖွဲ့ (UWSA) နှင့် ကချင်အဖွဲ့ (KIA/ KIO) တို့မှ ကြားနေအဖြစ်ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြောင်းလည်း ၄င်းကဆိုသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA/ KIO) နှင့် တပ်မတော်တို့ သြဂုတ်လဆန်းပိုင်းက တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

သို့သော် အဆိုပါတွေ့ဆုံမှုမှာ အဆင်မပြေခဲ့ဘဲ စက်တင်ဘာ ၅ တွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များက တအောဝ်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နှင့် ရက္ခိုင့်အဖွဲ့ (AA) တို့ဖြင့် ထပ်မံလာရောက်တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ကို (UWSA) "ဝ"အဖွဲ့ မှ ဥက္ကဋ္ဌ၊ မြောက်ပိုင်းအဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ရက္ခိုင့်အဖွဲ့ (AA) ၊ တအာဝ်းအဖွဲ့ (TNLA) ၊ မိုင်းလားအဖွဲ့ (NDAA) ၊ ကိုးကန့် အဖွဲ့ (MMDAA) ၊ ဝအမျိုးသားအစည်းအရုံး (WNO) တို့ ပါဝင်ပြီး NCA မထိုးဘဲ အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးရန်ဖွဲ့ စည်းထားခြင်းလည်းဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...