အစိုးရ တပ်မ (၈၈)မှ ဒေသခံများကို ရှေ့တန်းစခန်းသို့ ရိက္ခာ သယ်ပို့ခိုင်း

အစိုးရ တပ်မ (၈၈)မှ ဒေသခံများကို ရှေ့တန်းစခန်းသို့ ရိက္ခာ သယ်ပို့ခိုင်း

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေသော ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ၎င်းတို့၏ ရှေ့တန်းစခန်းများသို့ ဒေသခံရွာသားများကို မြန်မာအစိုးရတပ်က စားနပ်ရိက္ခာနှင့် အရက်ဖြူများ သယ်ပို့ခိုင်းကြောင်းသိရသည်။

တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များမှ Nam Um (နမ့်အွမ်)ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ ကို တောင်းဆိုသောအတွက် ထော်လာဂျီကား တစ်စီးဖြင့် Loi Seng (လွယ်ဆိုင်) ရှေ့တန်းနယ်မြေသို့ စက်တင်ဘာ (၁)ရက်နေ့ ပို့ပေးခဲ့ရကြောင်း အမည်မဖော်လိုသူ ဒေသခံ တစ်ဦး ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“သူတို့ပို့ခိုင်းလို့ ထော်လာဂျီတစ်စီးနဲ့ သွားပို့ပေးလိုက်ပြီ။ အဲ့ဒီမှာသူတို့ အရက်တွေပါယူခိုင်းတယ်။”

မြန်မာစစ်သားများကို ကြောက်ရွံ့ခြင်းကြောင့် ယခုလို သူ့တို့တောင်းဆိုသည့်အတိုင်း လုပ်ပေးခြင်း ဖြစ်သည်ဟု အထက် ရွာသားက ဆိုပါသည်။

ထို့အပြင် ဒေသခံများအား ၁၀ ရက်အတွင်း တောင်ပေါ်သို ့သွားလာခြင်း မပြုလုပ်ရန်လည်း တပ်မ (၈၈) က သတိပေး ပြောထားကြောင်း ဆိုပါသည်။

ထို့ကြောင့် တောင်ယာ နှင့် မီးသွေးဖုတ် လုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံများအတွက် အခက်အခဲများစွာ ရှိနေကြောင်းလည်း ပြောပြပါသည်။

Nam Um (နမ့်အွမ်) ကျေးရွာအနီးတွင် အစိုးရတပ်နှင့် မြောက်ပိုင်းမဟာမိတ်မှ ကချင်၊ တအောင်း နှင့် ရခိုင် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တို့ကြား သြဂုတ် ၂၉ ရက်မှ ၃၁ ရက်ထိ ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဆက်လက်ပြီး နှစ်ဖက် စစ်ရေးတင်းမာဆဲ ဖြစ်သည်ဟု ဒေသခံများ ဆိုပါသည်။

Most read this week

စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...