မီဇိုရမ်ရောက် စစ်ဘေးဒုက္ခသည်များ စားနှိပ်ရိက္ခာ နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်

မီဇိုရမ်ရောက် စစ်ဘေးဒုက္ခသည်များ စားနှိပ်ရိက္ခာ နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်

မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်တို့အကြားတိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် Hmawngbuchhuah ကျေးရွာတွင် ထွက်ပြေးခိုလုံနေ ကြသော စစ်ဘေးဒုက္ခသည်များ စားနှိပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု သိရသည်။

ယခုလက်ရှိအခြေအနေတွင် Hmawngbuchhuah ကျေးရွာမှာရှိနေကြသော စစ်ဘေးဒုက္ခသည်များ၏ စားဝတ်နေရေးကိစ္စကို အဲဒီရွာမှာရှိသော ကျောင်းထိုင်ဆရာတော်တစ်ပါးက တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိသော်လည်း အဆင်မပြေမှုတွေအများကြီး ရှိနေကြောင်း လောင်တလိုင်မြို့တွင်နေထိုင်သူ ချင်းအမျိုးသား B.Johna က ယခုလို ပြောပါတယ်။

“ထွက်ပြေးလာစတုန်းက ဆန်အိတ် ၆၀ မီဇိုရမ်အစိုးရပေးပါတယ် အဲဒီနောက်ပိုင်း ဘာမှမရှိတော့ဘူး။ အဲဒီရွာမှာရှိတဲ့ ကျောင်းထိုင် ဆရာတော်ကဘဲ လုပ်ပေးနေတာ၊ တစ်နှစ်လောက်ကြာပြီဆိုတော့ အဆင်မပြေမှုတွေ အများကြီးရှိလာတယ်” လို့ B.Johna က ပြောသည်။

Hmawngbuchhuah ကျေးရွာရှိ ကျောင်းထိုင်ဆရာတော်အနေဖြင့် ဗုဓ္ဒဂါယကိုသွားပြီး ဘုရားဖူးလာကြသောသူများမှ ပေးလှူ သော အလှူငွေများအားဖြင့် လိုအပ်သည့် စားနှိပ်ရိက္ခာများဝယ်ယူကာ ဒုက္ခသည်များအား အိမ်ထောင်မိသားစုအလိုက် ပြန်လည် ခွဲဝေးပေးလျက်ရှိကြောင်း သိရသည်။

လတ်တလော စစ်ဘေးဒုက္ခသည်များတွင် ကျန်းမာရေးအခြေအနေဆိုးနေကြကြောင်း နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မရှိသောကြောင့် အခက်တွေ့ကြုံနေကြရပြီး ကျောင်းထိုင်ဆရာတော်ကဘဲ တာဝန်ယူ လုပ်ဆောင်ပေးနေကြောင်း B.Johna က ဆက်ပြောပါသည်။

“ခုတလော ဖျားနာ၊ ဝမ်းလျော၊ ငှက်ဖျား အရမ်းဖြစ်ကြတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုက ဘယ်ဘက်ကမှမရှိပါဘူး ကျောင်းထိုင် ဆရာတော်ကဘဲ တာဝန်ယူပါတယ်၊ တခါတလေ အေအေ တပ်မတော်ကနေလည်း ဆေးဝါး နှင့် ဆန် တွေ ပေးတာတို့ရှိပါတယ်” လို့ ပြောသည်။

ယခုလက်ရှိအခြေအနေတွင် စစ်ဘေးဒုက္ခသည် ၃၀၀ ခန့် ရှိနေသေးကြောင်း သိရပြီး၊ သူတို့နေထိုင်သည့် Hmawngbuchhuah ကျေးရွာသည် နယ်စပ်ဒေသဖြစ်သည့်အတွက် စားနှိပ်ရိက္ခာအပြင် ဆေးဝါးကုသမှုများကို လောင်တလိုင်မြို့နယ်တွင် လာရောက် ဝယ်ယူ ဆေးကုသလျက်ရှိကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...