ရေရှားပါးသည့် ဒေသများတွင် ရေကောင်းရေသန့်ရရှိရေး အကူအညီ လိုအပ်လျက်ရှိ

ရေရှားပါးသည့် ဒေသများတွင် ရေကောင်းရေသန့်ရရှိရေး အကူအညီ လိုအပ်လျက်ရှိ
မော်ချီးသတ္တုတွင်း တောင်ပေါ်တွင်မှီတင်းနေထိုင်ကြသော လုပ်သားပြည်သူလူထုများဟာ ခဲအဆိပ်သင့်သော ရေကိုနေ့စဉ် သောက်သုံးရန်အတွက် တိုးဝှေ့ခပ်နေရသည် (ဓါတ်ပုံ - sein win facebook)
မော်ချီးသတ္တုတွင်း တောင်ပေါ်တွင်မှီတင်းနေထိုင်ကြသော လုပ်သားပြည်သူလူထုများဟာ ခဲအဆိပ်သင့်သော ရေကိုနေ့စဉ် သောက်သုံးရန်အတွက် တိုးဝှေ့ခပ်နေရသည် (ဓါတ်ပုံ - sein win facebook)
ကယားပြည်နယ် မော်ချီးဒေသနှင့် ဖရူဆိုမြို့နယ် ကျေးလက်ဒေသဘက်များတွင် ရေရှားပါးမှု အခက်အခဲများ ကြံုတွေ့နေကြရ ကာ ရေကောင်းရေသန့်ရရှိရေး အကူအညီများ လိုအပ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ရေရှားပါးမှု ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ရေးအတွက် မေလ ၁၁ ရက်နေ့က ပြုလုပ်သော ကယားပြည်နယ် တိုင်းရင်းသားပါတီများညီလာခံတွင် ပြည်သူအချို့က တင်ပြတောင်းဆိုခဲ့ကြသည်။

 “ကျနော်တို့ ဖားဖိုးမှာ နေတာ အခက်ခဲအများရှိတယ်။ အခက်ခဲဆုံးကတော့ ရေပါပဲ ” ဟု ဖရူဆိုမြို့နယ် ဖားဖိုးကျေးရွာမှ ဒေသခံ တဦးဖြစ်တဲ့ ဦးထူးဂါက ညီလာခံတွင်ပြောဆိုသွားသည်။

ဖားဖိုးကျေးရွာသည် ဖရူဆိုုမြို့နယ်အစွန်တွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာတစ်ခုဖြစ် သည်။ သောက်သုံးရေ ရရှိရေးအတွက် ဖားဖိုရွာမှ ပေ ၁၈၀၀၀ (၃ ဖာလုံဝန်းကျင်) ကျော်ဝေးကွာသော စိမ့်စမ်းရေးထွက်ပေါက်ထိ သွားရောက် ခပ်ယူရသည်ဟု သိရသည်။

mawchee water

“အဲဒီနေရာမှာ သွားခပ်ရတာ ရေတစ်ပုံးရဖို့ နာရီဝက်လောက် ထိုင်စောင့်ရတယ်” ဟု ဦးထူးဂါက ပြောသည်။

ထိုသို့ ရေရှားပါးခြင်း ရေရရှိရန် အခက်အခဲများရှိနေခြင်းကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များကို ကူညီထောက်ပံ့ပေးစေလိုသည်ဟုလည်း ၎င်းက တောင်းဆိုသွားသည်။

မော်ချီးဒေသဖက်တွင်လည်း သတ္တုတူးဖော်မှုများကြောင့် ဒေသခံများ အားထားရသည့် ချောင်းရေများလည်း သောက်သုံး ၍မရတော့ကြောင်းနှင့် အချို့မှာ ခဲဆိပ်သင့်နေသော ရေများကို သုံးစွဲနေကြရသည့်အတွက် ရေကောင်းရေသန့် လိုအပ်နေသည် ဟု မော်ချီးဒေသမှ နော်လူဒီးကပြောသည်။

“ခဲတွင်းက ထွက်တဲ့ ခဲကျင်တဲ့ ရေ၊ ခဲဆိပ်သင့်တဲ့ရေတွေကို သူတို့က သောက်နေရတယ် သုံးနေရတယ်။ အဲဒါတောင်မှ သူတို့ ဒီတိုင်းသုံးတာမဟုတ် ဝယ်သုံးနေရတယ်။ ဥပမာ ရေပုံးအဝါတစ်ပုံးကို ၁၀၀ ပေးဝယ်ရတယ်” ဟု မနော်လူဒီးက ဆိုသည်။

ထိုနည်းတူ ကယားပြည်နယ်အတွင်း မြို့နယ် တော်တော်များများတွင် ရေးရှားပါးမှု ပြဿနာများ ကြံုတွေ့နေကြရပြီး ပြည်သူများ က ရေရရှိရေးအတွက် အစိုးရနှင့် NGO အဖွဲ့များထံ တင်ပြတောင်းဆိုထားမှုများလည်း ရှိနေကြောင်း သိရသည်။

ဓါတ်ပုံ - TikTok၊ ပေးပို့
January 13, 2026
စစ်ကော်မရှင်ကနေ ဦးစီးပြုလုပ်တဲ့ ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲကို ယမန်နေ့ ဇန်နဝါရီလ ၁၂...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...