“ ငြိမ်းချမ်းပါစေမြန်မာပြည် " စာတန်းပါအကျႌအား ဝတ်ဆင်၍ တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သူ အသက် ၅၇ နှစ်ရှိ ဦးစိုးဝေသည် သြဂုတ်လ ၂၅ရက်နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မြို့သစ်မြို့သို့ ရောက်ရှိလာခဲ့သည်။
၎င်းကို မြို့သစ်မြို့ NLD ပါတီမှ ကြိုဆိုခဲ့ကြောင်းသိရသည်။
"ရည်ရွယ်ချက်ကတော့ “ငြိမ်းချမ်းပါစေမြန်မာပြည် ”Logo တံဆိပ်ကလည်း မငြိမ်းချမ်းရင်တော့ လင်းတ စာဖြစ်မယ် စိတ်ကူးရပြီးတော့ ၂၁ ပင်လုံညီလာခံကြီးကို ၁၉၆၄ ငြိမ်းချမ်းရေးဆွေးနွေးပွဲလို မဖြစ်ရအောင် မြန်မြန်ဆန်ဆန် ပန်းတိုင်ရောက်ဖို့အတွက် ပြည်သူတွေစိတ်ဝင်စားဖို့လိုတယ်။ ပြည်သူတွေက ကံ ၃ ပါးနဲ့ပါဝင်မှ အမြန်ဆုံး ပန်းတိုင်ရောက်မယ်" ဟု ဦးစိုးဝေကပြောသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဒွါရဝတီ(ခ)ရပ်ကွက်နေ ဦးစိုးဝေ (သ)၅ရနှစ် (ဘ)ဦးသန်းအောင်သည် သြဂုတ်လ ၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊၊ ပြည်မြို့မှ စတင်ကာ လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။
မြို့သစ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်ဖေကလည်း " ယခုလမ်းလျောက်လာတဲ့ ငြိမ်းချမ်းရေး လိုလားတဲ့ ပုဂ္ဂိုလ်ဟာ ရခိုင်ပြည်နယ်ကနေ မြန်မာပြည်တစ်ပြည်လုံးလမ်းလျှောက်တယ်ဆိုတော့ သူဟာ ငြိမ်းချမ်းရေး လိုလားသလို ကျွန်တော်တို့ကလည် ငြိမ်းချမ်းရေးလိုလားတဲ့အတွက် နောက်လည်း အားပေးဦးမှာပါ" ဟု အားပေးစကားပြောသည်။
"လွတ်လပ်ရေးရကတည်းက နှစ် ရဝကြာ ပြည်တွင်းစစ်ကြီးကြောင့် ဒုက္ခရောက်တယ်။ တိုင်းပြည်က ပြာဖြစ်တော့မယ်။ ဒီအတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ အစိုးရအဖွဲ့၊ တပ်မတော်၊ လက်နက်ကိုင်တွေ၊ အစုစုအဖွဲ့ဖွဲ့သောပြည်သူတွေပေါ့ဗျာ ၂၁ ရာစုငြိမ်းချမ်းရေး ညီလာခံမှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးရဖို့ ကြိုးစားနေကြတယ်။ တကယ်လို့သာ ၂၁ ရာစုမှာ တက်ရောက်နေကြသူများဟာ အမှန်တကယ်ငြိမ်းချမ်းရေးလိုလားသူများဆိုရင် ပထမအကြိမ်နဲ့တင် ပန်းတိုင်ရောက်သွားပြီ။ ငြိမ်းချမ်းသွားပြီ ။ ကျွန်တော်တော့ ဒီလိုမြင်တယ်။ ဒီပွဲအောင်ဖို့အတွက်က ပြည်သူလူထုတွေ စိတ်ဝင်စားမှုရှိမှ ဒီပွဲအောင်မယ်" ဟု ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူ ဦးစိုးဝေက ဆက်လက်ပြောသည်။
ဦးစိုးဝေသည် ၂၀၁ရခုနှစ် သြဂုတ်လ ၇ ရက်နေ့က ပထမအကြိမ်အဖြစ် ပြည်ရွှေဆံတော်ကနေစတင်၍ တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒထုတ်ဖော ််ခဲ့စဉ် အောက်မြန်မာပြည် ကော့သောင်းအထိ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းလျှောက်ဆန္ဒပြသူသည် မြို့သစ်မြို့တွင် တစ်ညတာတည်းခိုပြီး သြဂုတ်လ ၂၆ ရက် ၊ မနက် ၇ နာရီအချိန်တွင် မြို့သစ်မြို့မှ နေပြည်တော်သို့ ဆက်လက် ထွက်ခွာသွားမည်ဖြစ်ကြောင်း သိရသည်။







