မွန်ပါတီများပေါင်းစည်းရေးအခမ်းအနား စက်တင်ဘာလတွင်ကျင်းပမည်ဟုသိရ

မွန်ပါတီများပေါင်းစည်းရေးအခမ်းအနား စက်တင်ဘာလတွင်ကျင်းပမည်ဟုသိရ
 သြဂုတ် ၂၁ ရက်နေ့ မွန်ပါတီပေါင်းစည်းရေးတွေ့ဆုံဆွေးနွေးပွဲ(MUC)
သြဂုတ် ၂၁ ရက်နေ့ မွန်ပါတီပေါင်းစည်းရေးတွေ့ဆုံဆွေးနွေးပွဲ(MUC)

AMDP, MNP မွန်နှစ်ပါတီပေါင်းစည်းရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီနှင့် မွန်အမျိုးသားကိုယ်စားပြုပါတီ တည်ထောင်ရေးအဖွဲ့တို့ သြဂုတ် ၂၁ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ၌ မွန်ပါတီများ ပေါင်းစည်းရေးအခမ်းအနားအား စက်တင်ဘာလတွင် ကျင်းပရန် သဘောတူညီမှုရရှိခဲ့ကြောင်း မွန်သတင်းအေဂျင်စီ MNA မှ စုံစမ်းသိရှိရသည်။

အဆိုပါပေါင်းစည်းရေးအခမ်းအနားကို မွန်အမျိုးသားကိုယ်စားပြု ပါတီတည်ထောင်ရေးအဖွဲ့က စက်တင်ဘာလ ပထမအပတ်တွင်၄င်း၊ မွန်နှစ်ပါတီပေါင်းစည်းရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီက တတိယအပတ်တွင်၄င်း အသီးသီးအဆိုပြုထားကြသည်။

“မွန်အမျိုးသားကိုယ်စားပြု ပါတီတည်ထောင်ရေးအဖွဲ့” အမည်အား မွန်နှစ်ပါတီပေါင်းစည်းရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီက အသိအမှတ်ပြုကြောင်း MNA မှ လက်ခံရရှိခဲ့သော အချက် ၃ ချက်ပါ မွန်တစ်ပါတီဖြစ်မြောက်ရေးတွေ့ဆုံမှု မှတ်တမ်းအရ သိရသည်။

ယင်းသို့ ပေါင်းစည်းရေးအခမ်းအနားပြီးဆုံးသည်နှင့် ပါတီမှတ်ပုံတင်လျှောက်ထားရေး လုပ်ငန်းစဉ်အား ဆောင်ရွက်သွားမည် ဖြစ်သည်။

မော်လမြိုင်မြို့ရှိ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ဗဟိုဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့သော ယင်းတွေ့ဆုံဆွးနွေးပွဲတွင် မွန်နှစ်ပါတီမှ ဥက္ကဌနိုင်တင်အောင်နှင့် ဒုဥက္ကဌများ၊ အတွင်းရေးမှူးများ၊ မွန်အမျိုးသားကိုယ်စားပြု ပါတီတည်ထောင်ရေးအဖွဲ့မှ ခေါင်းဆောင် နိုင်တလညီ၊ နိုင်ရဲဇော်နှင့် အဖွဲ့ဝင်အချို့ တက်ရောက်ခဲ့ကြောင်း Mon Unity Committee- MUC Facebook ဓါတ်ပုံအရ သိရသည်။ 

 

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...