၂၁ ပင်လုံအပြီးနောက်ပိုင်း တပ်မတော်နှင့် TNLA တိုက်ပွဲ ၁၅ ကြိမ်ထိဖြစ်ပွား

၂၁ ပင်လုံအပြီးနောက်ပိုင်း တပ်မတော်နှင့် TNLA တိုက်ပွဲ ၁၅ ကြိမ်ထိဖြစ်ပွား
by -
စိုးသူအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ဇူလိုင်လအတွင်း ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံညီလာခံ (တတိယ အကြိမ်) အစည်းအဝေးပြီးသည့် နောက်ပိုင်းမှ စတင်ကာ တပ်မတော်နှင့် တအာဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (TNLA) တို့ တိုက်ပွဲဖြစ်ပွားသည့် အကြိမ်အရေအတွက်မှာ ၁၅ ကြိမ်ထိ ရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားရခြင်းမှာ မြန်မာ့တပ်မတော်ဘက်မှ TNLA တည်ရှိရာတောတွင်းအထိ လိုက်လံထိုး စစ်ဆင်လာသောကြောင့်ဟု TNLA ဘက်မှ စွပ်စွဲပြောဆိုသည်။ ထို့ပြင် သြဂုတ်လ ၁၉ ရက်တစ်နေ့တည်းမှာပင် မိုင်ငေါ့မြို့နယ်ခွဲ နမ့်ဖိတ်ကျေးရွာနှင့် လွယ်ပန်တန်ကျေးရွာကြား စုစုပေါင်း ၅ နာရီကြာသည်အထိ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်သည်။

 “ ဒီလ (သြဂုတ်လ) ထဲမှာတော့ တိုက်ပွဲက ၆ ကြိမ်လောက်တော့ရှိပြီ ” ဟု TNLA  ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး တာအိုက်ကျော်က ပြောသည်။

 NCA လက်မှတ်မရေးထိုးရသေးသည့် TNLA သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် လည်း တိုက်ပွဲများ ဖြစ်ပွားလေ့ရှိ ပြီး တိုက်ပွဲများလျော့ချရန်အတွက် လက်ရှိတွင် ဆွေးနွေးရန် သဘောတူထားကြသည်။

 အဆိုပါ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအချင်းချင်းကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ထောင်ချီမှာ နေရပ်မပြန်နိုင်သေးသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြဆဲ ဖြစ်သည်။

 တအာဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ် လက်မှတ် ရေးထိုးထားခြင်းမရှိဘဲ '၀'အဖွဲ့ (UWSA) ဦးဆောင်ဖွဲ့စည်းထားသည့် FPNCC ကော်မတီတွင် ပါဝင်ထားပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားသည့် အဖွဲ့ဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...