ယခုနှစ်တွင် မူးယစ်ဆေးဝါးအမှု ၂၀၀ ကျော်၊ တရားခံ ၃၀၀ ကျော်ဖမ်းဆီးရမိခဲ့ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့ပြော

ယခုနှစ်တွင် မူးယစ်ဆေးဝါးအမှု ၂၀၀ ကျော်၊ တရားခံ ၃၀၀ ကျော်ဖမ်းဆီးရမိခဲ့ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့ပြော
 မွန်ပြည်နယ်ရဲတပ်ဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(photo/Mon State Police Office)
မွန်ပြည်နယ်ရဲတပ်ဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(photo/Mon State Police Office)

မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ မူးယစ်ဆေးဝါးအမှု ၂၁၃ မှု၊ တရားခံ (၃၃၇) ဦးဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူး မြင့်ဝင်းက ပြောသည်။  

အဆိုပါဖမ်းဆီးရမှုများတွင် စိတ်ကြွဆေးပြား ၁၉၉ မှု၊ ICE ၅ မှု၊ ဆေးခြောက် ၃ မှု၊ ဘိန်းစာရွက် ၆ မှု၊ အခြားမူးယစ်ဆေးမှုများပါရှိပြီး ကျပ်ငွေအားဖြင်သိန်းပေါင်း (၁၃၀,၆၅၀,၀၀၀) ကျော်တန်ဖိုးရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ စာရင်းဇယားအရ သိရသည်။  

ရဲမှူးက “ကျွန်တော်တို့တားဆီးနှိမ်နင်းရေးအဖွဲဲ့တွေ ဘယ်လောက်ပဲ ဖမ်းဖမ်း လက်ရှိကတော့ ရှိမြဲရှိနေတာပဲ၊ ပြည်သူလူထုတစ်ရပ်လုံးက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို ငါတို့နဲ့မဆိုင်ဘူး အဲဒီခံယူချက်ရှိနေရင်တော့ ပပျောက်မှာမဟုတ်ဘူး” ဟု ဆိုသည်။

မွန်ပြည်နယ်အတွင်း ရေးမြို့နယ်၌ မူးယစ်ဆေးဝါးဖမ်းဆီးရမှု အများဆုံးဖြစ်ပြီ်း မော်လမြိုင်နှင့် သထုံမြို့နယ်တို့သည် ဒုတိယနှင့် တတိယအများဆုံးဖြစ်ကြောင်း ရဲမှူးက ဆက်ပြောသည်။

မူးယစ်ဆေးဝါးများ တစ်နှစ်ထက်တစ်နှစ်ပို၍ သုံးစွဲမှုများပြားလာရသည့်အကြောင်းအရင်းမှာ နိုင်ငံရေးနှင့်လည်း သက်ဆိုင်နေသည်ဟု မွန်လူငယ်မင်းစိုးမြင့်က ယူဆသည်။

မင်းစိုးမြင့်က “မူးယစ်ဆေးဝါးထုတ်လုပ်တဲ့သူတွေက အများသောအားဖြင့် ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့တွေဖြစ်နေတယ်၊ အဲဒီလက်နက်ကိုင်အဖွဲ့တွေ ထုတ်လုပ်နေတာ သိရဲ့သားနဲ့ အစိုးရတွေက ဘာဖြစ်လို့ အမြစ်ပြတ်အောင်မလုပ်နိုင်သလဲ၊ လက်နက်ကိုင်အဖွဲ့စည်းဘက်ကလည်း ဝင်ငွေနည်းတယ်၊ ရပ်တည်နိုင်ဖို့ မူးယစ်ဆေးဝါးကို အားကိုးနေရတဲ့အဖွဲဲ့အစည်းတွေရှိနေတယ်” ဟု ပြောသည်။

ထို့အပြင် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးလောကမှ ရုန်းထွက်နိုင်ရေး၊ မိမိတို့၏ ကိုယ်ပိုင်အရည်အသွေးတိုးတက်မြင့်မားလာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရှိရေးအတွက် မိမိတို့ကိုယ်တိုင် ဖန်တီးယူရမည်ဟု မင်းစိုးမြင့်က ဆက်ပြောသည်။

မွန်ပြည်နယ်၌ ၂၀၁၃ ခုနှစ်က မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း (၃၈) ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် (၇၃) ရာခိုင်နှုန်းအထိ တိုးလာကြောင်း တိုးတက်သောမွန်လူငယ်အဖွဲ့ MYPO ၏ “လူငယ်အန္တရာယ်” မူးယစ်ဆေးဝါးအစီရင်ခံစာက ဖော်ပြခဲ့သည်။

အလားတူ မော်လမြိုင်ထောင်တွင် ပြစ်ဒဏ်ကျခံနေရသူများအနက် ထက်ဝက်ကျော်မှာ မူးယစ်ဆေးဝါးအမှုဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရ၏အစီရင်ခံတရပ်တွင် တွေ့ရှိရသည်။

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...