နယ်စပ်ဖြတ်ကူးနိုင်မည့် Border Pass ကဒ်များ ပြုလုပ်ပေးနေ

နယ်စပ်ဖြတ်ကူးနိုင်မည့် Border Pass ကဒ်များ ပြုလုပ်ပေးနေ

အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိခေါ်ဒါရ် - ဇိုခေါထား နယ်စပ်ဂိတ်မှတဆင့် နှစ်နိုင်ငံဝင်ထွက်သွားလာနိုင်သည့် Border Pass ကဒ်များပြုလုပ်ပေးနေပြီဟု သိရသည်။

Border Pass ပြုလုပ်လိုသူများအနေဖြင့် ရိခေါဒါရဒ်မြို့ လ.၀.က ရုံးတွင် မှတ်ပုံတင် နှင့် အိမ်ထောင်စုစာရင်းမိတ္တူ ယူဆောင်ကာ ကျပ်ငွေ (၅၀၀) ဖြင့် ပြုလုပ်နိုင်သည်ဟုသိရသည်။

ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလာလ်ပက်လောမ်မာ “ အရင်တုန်းကဆိုရင် မီဇိုရမ်ဘက်ကို ဘာဗီဇာမှမပါပဲ ဒီတိုင်းပဲသွားရတာလေ ခု Border Pass တွေလုပ်ပေးပြီဆိုတော့ စိတ်အေးချမ်းသွားတာပေါ့နော် တရားဝင်ဖြစ်သွားပြီဆိုတော့ ပြီးတော့ ဟိုဘက်ကမ်းက လူတွေလည်း ဒီဘက်ကိုဝင်လာတဲ့ အခါကျရင် တရားဝင်ဖြစ်သွားတာပေါ့လေ စိတ်ပူစရာမလိုတော့ဘူးပေါ့’’ ဟု ပြောသည်။

ယင်း Border Pass သည်တစ်နှစ်သက်တမ်းဖြစ်ပြီး မြန်မာနိုင်ငံသားများအနေဖြင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း နှင့် အိန္ဒိယနိုင်ငံသားများအနေဖြင့် ဖလမ်းခရိုင်အတွင်း (၁၄) ရက်အကြာ လည်ပတ်နေထိုင်ခွင့်ရှိမည်ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...