ဖဒိုမန်းငြိမ်းမောင်နှင့် ဒေသခံ ၅ဦးကို အရေးယူမည်ဟု အာဏာပိုင်များမှအကြောင်းကြား

ဖဒိုမန်းငြိမ်းမောင်နှင့် ဒေသခံ ၅ဦးကို အရေးယူမည်ဟု အာဏာပိုင်များမှအကြောင်းကြား
by -
စိုးသူအောင်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ကရင်အာဇာနည်နေ့ကျင်းပခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဒေသခံ ၅ ဦးကိုအရေးယူမည်ဟု ဒေသခံဏာပိုင်များမှ အကြောင်းထားကြောင်း သိရသည်။

သြဂုတ်လ ၁၂ ရက်နေ့ကျင်းပခဲ့သည့် ကရင်အာဇာနည်နေ့ အခမ်းအနားကို ဒေသဆိုင်ရာအာဏာပိုင်များက လာရောက်တားမြစ်ခဲ့ပြီး “ကရင်အာ ဇာနည်နေ့” ဆိုင်းဘုတ်ကိုလည်းဖြုတ်ချခိုင်းခဲ့ကြောင်း ဖဒိုမန်းငြိမ်းမောင်ကပြောသည်။

သို့သော် ပွဲစီစဉ်သူများမှ ငြင်းဆန်ခဲ့သည့်အပြင် ခွင့်ပြုချက်မယူဘဲ ပွဲကျင်းပခဲ့ခြင်းကြောင့် အာဏာပိုင်များ ဘက်မှအကြောင်းကြားလာခြင်းဖြစ်ကြောင်း သိရသည်။

“အခမ်းအနားကျင်းပတဲ့မနေ့ကပေါ့၊၁၂ ရက်နေ့မှာပဲ သူတို့လာတားလို့မရလို့ စာနဲ့အကြောင်းကြားတယ်။ အရေးယူမယ်ဆိုပြီးတော့ ဒီနေ့ကတော့ခေါ်ပြောတယ်။ အမှုဖွင့်မယ်ဆိုပြီးသူတို့အကြောင်းကြားတာပေါ့နော်။ ပုဒ်မ ၂၆ နဲ့အရေးယူမယ်တဲ့” ဟု ဖဒိုမန်းငြိမ်းမောင်က မဇ္စျိမသို့ပြောသည်။

ကရင်လူမျိုးများ၏နေ့ထူးနေ့မြတ်ဖြစ်သောကြောင့် ဆိုင်းဘုတ်ကို ဖြုတ်မပေးဘဲ မေတ္တာရပ်ခံကာ ဆက်လက်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

လက်ချည်ပွဲ၊ ထူးချွန်ကျောင်းသားများဆုချီးမြင့်ပွဲနှင့် ကရင့်အာဇာနည်နေ့ကို ကရင်ပြည်သူ့ပါတီက ဦးဆောင်ကာကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

သြဂုတ်လတွင်းကျရောက်ခဲ့သည့် ကရင့်ဇာနည်နေ့နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနှံ့တွင်အခမ်းအနားများ ကျင်းပခဲ့ကြပြီး အချို့နေရာများတွင်လည်း အလားတူတားဆီး မှုများကြုံတွေ့ခဲ့ရကြောင်းသိရသည်။

ကရင့်အာဇာနည်နေ့ကို  KNU ဌာနချုပ်တွင်လည်း စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုကျင်းပခြင်းကို မြန်မာ့တပ်မတော်ဘက်မှ ကန့်ကွက်ခဲ့သေးသော်လည်း နှစ်ဘက် ညှိနှိုင်းနိုင်ခဲ့သည့်အတွက် ကျင်းပနိုင်ခဲ့ကြောင်းလည်း သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...