ကယားပြည်နယ်အစိုးရအဖွဲ့ကို အရေးယူပေးရန် ကယန်းအမျိုးသားပါတီတောင်းဆို

ကယားပြည်နယ်အစိုးရအဖွဲ့ကို အရေးယူပေးရန် ကယန်းအမျိုးသားပါတီတောင်းဆို
by -
စိုးသူအောင်
(Photo-ကယာပြည်နယ်ချစ်သူများအဖွဲ ့)
(Photo-ကယာပြည်နယ်ချစ်သူများအဖွဲ ့)

ကယားပြည်နယ်အစိုးရအဖွဲ့ကို စစ်ဆေးအရေးယူပေးရန် ကယန်းအမျိုးသားပါတီမှ ပြည်ထောင်စုအစိုးရထံ တောင်းဆိုလိုက်ကြောင်း ပါတီဥက္ကဋ္ဌ ခွန်းဘီထူးက ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမည်ကို ကန့်ကွက်သည့်ကိစ္စနှင့်ပတ်သက်၍ တရားစွဲခံထားရသည့် လူငယ် ၂၃ ယောက်ထဲတွင် မသက်ဆိုင်သူများပါ တရားစွဲဆိုခံနေရသည့်အတွက် အရေးယူပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။

“ ကျွန်တော်တို့ ထုတ်ပြန်ချက် ထုတ်ပြီး တောင်းဆိုလိုက်တာပါ။ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ တွေ့ဖို့လည်း ကြိုးစားသွားမှာပါ ” ဟု ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက ဆိုသည်။

အဆိုပါအစိုးရ တရားလိုများသည် လူငယ်များအား တရားစွဲဆိုရာတွင် ခိုင်လုံသောအထောက်အထားများနှင့် တရားစွဲလို့သည့်ပုဂ္ဂိုလ်များကို မသိဘဲ ရမ်းသမ်းတရားစွဲဆိုမှုများ ပြုလုပ်လျှက်ရှိသည်ဟုလည်း ပါတီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့်ကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒပြခြင်း၊ ကရင်နီ သမိုင်းကြောင်း စာရွက်များ ဖြန့်ဝေခြင်းကြောင့် လွိုင်ကော်၊ ဒီမောဆိုး၊ ဖရူးဆိုနှင့် ဖားဆောင်းမြို့နယ် ၄ ခုမှ လူငယ် ၂၃ ယောက်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅၊ ငြိမ်းစုစီဥပဒေပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

အဆိုပါ လူငယ် ၂၃ ယောက်ထဲတွင် မဟုတ်မမှန်တရားစွဲခံရသူ ၃ ဦး အထိရှိပြီး ထောင်အချုပ်ဖြင့် တရားရင်ဆိုင်နေရသူ ၆ ယောက် ရှိနေသည်ဟု ကယန်းအမျိုးသားပါတီမှ သိရသည်။

သို့ဖြစ်၍ ပြည်ထောင်စုအစိုးရအနေဖြင့် ကယားပြည်နယ်အတွင်းတွင် ဖြစ်ပွားနေသော ပြည်နယ်အစိုးရအဖွဲ့၏ တရားစွဲဆိုမှုများကို အမြန်ဆုံးစုံစမ်းစစ်ဆေးပေးပါရန် ပြည်ထောင်စုအစိုးရကို တောင်းဆိုရခြင်းဖြစ်ကြောင်း လည်း ကယန်းအမျိုးသားပါတီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...