ကလေးသူငယ်ဥပဒေအကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများက်ုိ လုံးဝမကြားဖူးသူ အများစုရှိနေ

ကလေးသူငယ်ဥပဒေအကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများက်ုိ လုံးဝမကြားဖူးသူ အများစုရှိနေ
by -
တင်ရွှေ

ကလေးသူငယ် ဥပဒေအကြောင်းနှင့်ကလေးသူငယ်အခွင့်အရေးများကို လူထုအကြား လုံးဝမကြားဖူးသူများ အများစု ရှိနေကြောင်း (SCVG)မှအမှုဆောင်ဒါရိုက်တာ ဦးနေဝင်းကိုက ပြောသည်။

သြဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ရှမ်းပြနယ်တောင်ပိုင်း၊ အောင်ပန်းမြို့ Hole SS ခန်းမ၌ ပြုလုပ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သတင်းမီဒီယာသင်တန်းတွင် ပြောခဲ့ခြင်း ဖြစ်သည်။

"မြန်မာတစ်နိုင်ငံလုံးဖြစ်နေတယ်လို့တော့ မဆိုလိုပါဘူး။ နေရာတော်တော်များများမှာ ဖြစ်နေတာက ကလေးသူငယ်ဥပဒေနဲ့ ကလေးသူငယ်အခွင့်အရေးကို ပြည်သူလူထုက လုံးဝမကြားဖူးတဲ့သူတွေ ရှိနေတယ်။ ကြားဖူးတဲ့သူက ကြားဖူးတယ်။ မကြားဖူးတဲ့သူက များနေတာကို ကျွန်တော်တို့အဖွဲ့တွေအသိပညာပေးလုပ်ငန်းတွေ သွားတဲ့အချိန်မှ သိရတာပါ" ဟု SCVG ( Social Care Volunteer Group) မှ  ဦးနေဝင်းကိုက ပြောသည်။

ကလေးသူငယ်အခွင့်အရေးဥပဒေကို ၁၉၉၃ ခုနှစ်တွင် ထုတ်ပြန်ထားပြီး ၂၀၀၁ ခုနှစ်မှာ စတင်ကျင့်သုံးခဲ့သော်လည်း နိုင်ငံ၏ လူမှုရေး ၊ စီးပွားရေး၊ နိုင်ငံရေး အကြောင်းအမျိုးမျိုးကြောင့်အသက်မဝင်ဖြစ်နေကြောင်း သိရသည်။

အသက် ၁၈ နှစ်အောက်အရွယ်ကို ကလေးဟုသတ်မှတ်ထားပြီးရိုက်နှက်ဆုံးမခြင်းသည်လည်း ထိခိုက်နာကျင်စေမှု၊ ကလေးသူငယ်အခွင့်အရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုနိုင်သည်။

ကလေးများပြစ်မှုကျုးလွန်သည်ဖြစ်စေ ၊ ကျူးလွန်ခံရသူဖြစ်စေ မည်သည့်ဌာနနှင့်ချိတ်ဆက်၍ မည်သို့အရေးယူ ဆောင်ရွက်တိုင်တန်းရမည်ဖြစ်ကြောင်းပြည်သူလူထုကြား မသိရှိသူများရှိနေသည်ဟု ကိုနေဝင်းကိုကပြောသည်။

"ကလေးသူငယ် ဥပဒေထဲမှာပါတဲ့ ကလေးအပေါ်ကာကွယ်ရမဲ့အရာတွေ၊ ကလေးတွေအခွင့်အရေးကို ချိုးဖောက်သူတွေကို တုန့်ပြန်အရေးယူဆောင်ရွက်ရမဲ့အရာတွေကလည်း ဖြစ်သင့်သလောက်မဖြစ်ဘူးဖြစ်နေတယ်" ဟု ၎င်းကပြောသည်။

လက်ရှိတွင် ကလေးသူငယ်ဥပဒေ အခွင့်အရေးများနှင့်ပတ်သက်၍ ပြည်သူလူထုအကြား အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်နေသော်လည်း လူမှုဝန်ထမ်းဦးစီးဌာနတွင် ဝန်ထမ်းအင်အားနှင့်လုပ်ဆောင်ရသည့်လုပ်ငန်း အချိုးမမျှတမှုများကြောင့် လုပ်ငန်းများထိရောက်စွာလုပ်ဆောင်နိုင်ခြင်း မရှိသေးဟု လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်တောင်ပိုင်း ဦးစီးမှူ းနော်ခမ်းသိမ်းက ပြောသည်။

SCVG သည် မကွေးအခြေစိုက် အစိုးရမဟုတ်သော NGO တစ်ခုဖြစ်ပြီး ကျားမ ညီမျှမှု၊ ကျန်းမာရေးနှင့် လူငယ်ဆိုင်ရာများဆောင်ရွက်နေသည့်အဖွဲ့အစည်း ဖြစ်သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...