မိုးကြီးနိုင်မဲ့ ဒေသများတွင် ကြိုတင်သတိရှိကြရန် ဒေါက်တာထွန်းလွင် သတိပေး

မိုးကြီးနိုင်မဲ့ ဒေသများတွင် ကြိုတင်သတိရှိကြရန် ဒေါက်တာထွန်းလွင် သတိပေး

လာမယ့် သြဂုတ်လ ၁၂ရက်မှ ၁၈ ရက်အတွင်း မိုးကြီးနိုင်တဲ့ဒေသများ ကြိုကြိုတင်တင် သတိရှိကြရန် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

သြဂုတ်လ ၁၂ ရက် ည ၈ နာရီ ၄၃ မိနစ်တိုင်းတာချက်များအရ ထိုသို့သတိပေးထားခြင်း ဖြစ်သည်။

အဆိုပါရက်များအတွင်း မိုးရေချိန် 300 mm(12 in) အထက််မိုးရွာနိုင်သောဒေသများမှာ သေချာမှု ၉၅ % အထက်တွင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းမြောက်ပိုင်းတို့ပါဝင်နေပြီး အဆိုပါဒေသများမှာ   ရေကြီးမှုဒဏ်ခံစားခဲ့ရသော ဒေသများ ဖြစ်သည်။

သေချာမှု ၈၀% မှ ၉၀%တွင် ပဲခူးတိုင်းအရှေ့မြောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့ ပါဝင်နေပြီး သေချာမှု ၂၀% မှ ၄၀%တွင် ကယားပြည်နယ်၊ ပဲခူးတိုင်းအလယ်ပိုင်း၊ကယားပြည်နယ်၊ ဧရာဝတီတိုင်းအနောက်ပိုင်း၊ကချင်ပြည်နယ်အနောက်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း အနောက်အလယ်ပိုင်းနှင့်ရန်ကုန်တိုင်းအနောက်ပိုင်းတို့ပါဝင်နေသည်။

သြဂုတ်လ ၁၃ ရက် ၊ မွန်းတည့်ချိန်အထိခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း နှင့် တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့တွင် နေရအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးဇလမ ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန် ကောင်းနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...