တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်ကို TNLA ငြင်းဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်ကို TNLA ငြင်းဆို
by -
စိုးသူအောင်
(Photo: Ye Aung Thu/AFP)
(Photo: Ye Aung Thu/AFP)

နမ္မတူမြို့နယ်အတွင်းကျေးရွာများမှ စျေးဆိုင်များနှင့် ပစ္စည်းများ၊ မွေးမြူထားသည့် တိရစ္ဆာန်များ၊ ဆိုင်ကယ် များကို ယူဆောင်မီးရှို့ဖျက်ဆီးပြီး ရွာသား ၁ ဦးအား အကြောင်းမဲ့ ရိုက်နှက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်ကို TNLA က ပြန်လည်ငြင်းဆိုခဲ့သည်။

ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/ SSA) ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် နမ္မတူမြို့ နယ်တွင်းရှိကျေးရွာများသို့ ဝင်ရောက်မီးရှို့ခြင်း၊ အဓ္ဓမ ရိက္ခာစုဆောင်း ခဲ့ခြင်း မရှိဟု TNLA ဘက်က ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

 “ မရှိပါဘူး။ ကျွန်တော်တို့ အဲ့လိုလုပ်တာ။ SSPP နဲ့ ကျွန်တော်တို့ပူးပေါင်းတပ်တွေက ကိုယ့်ရိက္ခာကိုယ် ကိုယ့်ဟာကိုရှင်းတယ်။ဝယ်ရမယ့်ဟာဆိုလည်း လူထုကို ထိုက်သင့်တဲ့စျေးနူန်းနဲ့ပေးချေပြီးမှပဲ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲ့လိုမျိုးဟာတွေမရှိပါဘူး”ဟု ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA အဖွဲ့က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချူပ် တာ့ဘုုန်းကျော် ကပြောသည်။

ဖြစ်စဉ်မှာ သြဂုတ် ၅ ရက်မှ ၇ ရက်အထိ TNLA/SSA ပူးပေါင်းအဖွဲ့မှ အင်အား ၁၀၀ ဦးခန့် ရောက်ရှိလာပြီး ရွာသားများပိုင်ဆိုင်သော ပစ္စည်းတချို့ကိုယူဆောင်ကာမီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်မှသတင်း ထုတ်ပြန် ထားခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နမ္မတူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နန်းစံဟွမ်က  “ ဖြစ်ခဲ့တယ် ဆိုတာတော့ကြားမိပါတယ် “ ဟုပြောသည်။ သို့သော် မည်သည့်အဖွဲ့မှ မီးရှို့ခြင်း၊ အဓမ္မ ရိက္ခာစုဆောင်းခဲ့ခြင်းပြုလုပ်ခဲ့သည်ကို အတည်ပြုပေးနိုင်ခြင်းမရှိခဲ့ပေ။

သို့သော် လူနေအိမ် ၁၄ လုံးတို့အတွင်းရှိ အသုံးအဆောင် ပစ္စည်းများအား မွှေနှောက်ရှာဖွေထားထားသည့် အပြင် လူနေအိမ်အချို့တွင် ရှမ်းဘာသာဖြင့် ခြိမ်းခြောက်စာများ ရေးသားထားသည်ဟုလည်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရွာများတွင် TNLA/ SSA ပူးပေါင်းအဖွဲ့အနေဖြင့် အတင်းအဓမ္မ ရိက္ခာစုဆောင်းခဲ့ခြင်းမရှိခဲ့ဟု ပြန်လည်ငြင်းဆိုခြင်းလည်းဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...