ကချင်ပါတီပေါင်းစည်းအဖွဲ့ ပထမဆုံး ဘန်ကောက်ကို ရောက်ရှိလာ

ကချင်ပါတီပေါင်းစည်းအဖွဲ့ ပထမဆုံး ဘန်ကောက်ကို ရောက်ရှိလာ

ကချင်ပြည်နယ်တွင် လူထု၏ အားပေးထောက်ခံမှု တိုး၍ရရှိနေသော ကချင်ပြည်နယ်ပါတီများပေါင်းစည်းအဖွဲ့ သည် ၎င်း၏ ပထမဆုံး နိုင်ငံခြား စည်းရုံးရေး ခရီးအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရောက်ရှိနေပါသည်။

သြဂုတ် (၆) ရက်နေ့ ဘန်ကောက် Wun Zup Rawt Jat ကချင်အသင်းတော် ဘုရားကျောင်း တွေ့ဆုံပွဲတွင် “ကချင်ပြည်နယ် ပေါင်းစည်းပါတီများ အကြောင်း နှင့် ဇူလိုင်လ (၃၀) ရက်နေ့ ဖွဲ့စည်းခဲ့သော အဖွဲ့ဝင် (၄၇)ဦးပါ ကချင်ပြည်နယ် ဖယ်ဒရယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီ အကြောင်း” ကို ကချင်ပါတီပေါင်းစည်းရေး ကော်မတီ (Kachin Political Mergering Committee)မှ ဦးကွမ်ဂေါင် အောင်ခမ်း က မိတ်ဆက်ပေးခဲ့သည်။

ဦး အောင်ခမ်း သည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်ပြီး လာမည့် နိုဝင်ဘာ (၃)ရက် ကြားဖြတ် ရွေးကောက်ပွဲတွင် ကချင်ဒီမိုကရက်တစ်ပါတီ KDP အားဖြစ် မြစ်ကြီးနား မဲဆန္ဒနယ်အမှတ် (၂) တွင် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၎င်းကို ဇွန်လ (၅)ရက်နေ့ KPMC အစည်းဝေးတွင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

တနင်္လာနေ့ အစည်းအဝေးသို့ ဘန်ကောက် ကချင်အသင်းတော် ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် ကျောင်းသားကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း ဦး အောင်ခမ်း ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ကချင်ပါတီ ပေါင်းစည်းအဖွဲ့တွင် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP၊ ကချင်အမျိုးသားကွန်ကရက်ပါတီ KNC နှင့် ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ UDPKS တို့ ပါဝင်သည်။ 

ကချင်ပါတီပေါင်းစည်းအဖွဲ့ ရေးဆွဲသော ကချင်ပြည်နယ် ဖယ်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း စာအုပ်ကို ယခုနှစ် စောစောပိုင်းက နှစ်ကြိမ်တိုင် ထုတ်ဝေပြီး လူထု အသိပညာပေး အစီစဉ်များကိုလည်း လုပ်ဆောင်နေပြီဖြစ်သည်။

ကချင်ပါတီပေါင်းစည်းရေးအဖွဲ့သည် ယခု ဘန်ကောက် ခရီးမှ ပြန်လာပြီးနောက် ဆက်လက်ပြီး စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ အမေရိကန် နှင့် အခြားနိုင်ငံများကိုလည်း စည်းရုံးရေးခရီးသွားရန် ရည်ရွယ်ထားကြောင်း ဦး အောင်ခမ်း ပြောသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...