ရန်ကုန်တက္ကသိုလ်တွင် ၈၈၈၈ အရေးတော်ပုံ နှစ်၃၀ ပြည့်အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပ

ရန်ကုန်တက္ကသိုလ်တွင် ၈၈၈၈ အရေးတော်ပုံ နှစ်၃၀ ပြည့်အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပ
by -
စိုးသူအောင်

ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်တက္ကသိုလ်တွင် သြဂုတ်လ ၆ ရက်မှ ၈ ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့သည်။

မ.ဆ.လ စနစ်ကိုရုပ်သိမ်း၍ ပါတီစုံဒီမိုကရေစီစနစ်ကိုတောင်းဆိုရာမှ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ရှစ်လေးလုံးအရေးတော်ပုံကြီး စတင်ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

“ ပြည်သူလူထုအများစုတစ်ခဲနက် အုံကြွမပါဝင်ဘဲ ကြီးမားတဲ့အပြောင်းအလဲကိုမရပါဘူး။ အထူးသဖြင့် အာဏာရှင် စနစ်ဆိုးရဲ့အောက်မှာပါ။ မနေ့ကလည်းဆွေးနွေးကြပါတယ်။ အရှေ့ဥရောပနိုင်ငံတွေထက် ကျွန်တော်တို့က တာထွက်စောတယ်။ ဒါပေမယ့် နောက်ကျကျန်ရစ်တာကိုတော့ ဝန်ခံရလိမ့်မယ် “ ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမင်းကိုနိုင် ကပြောသည်။

အဆိုပါ အခမ်းအနားတွင် ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်ကာလအား ပြန်လည်သုံးသပ်သည့် ဆွေးနွေးပွဲများကိုပြုလုပ်ခဲ့ပြီး ဒီမိုကရေစီအရေး နှစ် ၃၀ ခရီး၊ တိုင်းရင်းသားများတန်းတူရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု၊ မြန်မာ့နိုင်ငံရေးနှင့် စစ်အာဏာရှင်စနစ်ဆိုသည့် ခေါင်းစဉ်  ၃ ခုကိုအစိုးရနှင့် လွှတ်တော်ထံ ဆွေးနွေးအကြံပြုခဲ့ကြသည်။

ယခုကဲ့သို့ အထိမ်းအမှတ်ပွဲကျင်းပခြင်း ဆွေးနွေးပွဲကျင်းပနေခြင်းသည် အတိတ်ကာလကိုနာကျဉ်း၍ မဟုတ်ဘဲ ၈၈ ကာလ၏ ဖြစ်ရပ်များကို လူငယ်များ သိစေချင်သောကြောင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“  ဒီနှစ် ၃၀ ခရီးတစ်လျှောက်မှာ ကျွန်တော်တို့အခုဒီနေရာမှာပြန်ဆုံတော့ ပိုင်ရှင်မဲ့ ကစဉ့်ကလျား ဖိနပ်ကလေးတွေ၊ စာသင်ခန်းထဲကထိုင်ခုံလွတ်ကလေးတွေ၊ လွယ်အိပ်စုတ်ကလေးတွ၊ အဲ့တာတွေဟာ ရုပ်ဝတ္ထုတွေမဟုတ်ပါဘူး။ ကျွန်တော်တို့သမိုင်းရဲ့တကယ့်အဖြစ်အပျက်တွေပါ။ ဒဏ်ရာ ဒဏ်ချက် တွေပါ။ ဒါတွေကိုနောက်မျိုးဆက်တွေကို လက်ဆင့်မကမ်းချင်တော့ဘူး “ ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးကိိုကိုကြီးကပြောသည်။

ရှစ်လေးလုံးနှစ် ၃ဝပြည့် အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် အမတ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်များတက်ရောက်ခဲ့ကြပြီး   ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများနှင့်တခြားသက်ဆိုင်ရာအဖွဲ့စည်းများမှသဝဏ်လွှာများလည်း ပေးပို့ခဲ့ကြသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...