မြစ်ကြီးနား ကြားဖြတ် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း စာရင်း ထုတ်ပြန်

မြစ်ကြီးနား ကြားဖြတ် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း စာရင်း ထုတ်ပြန်

လာမည့် နိုဝင်ဘာ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ တွင် ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ခရိုင်ကော်မရှင်အဖွဲ့ခွဲမှ သြဂုတ် (၆)ရက်နေ့ ထုတ်ပြန်လိုက်ပါသည်။

လစ်လပ်နေသည့် မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)တွင် ယှဉ်ပြိုင်ရန် ပါတီ ကိုယ်စားပြု သို့မဟုတ် တစ်သီးပုဂ္ဂလ နာမည် စားရင်း (၆)ဦးကို ကြေညာထားခြင်း ဖြစ်ပါသည်။

ကချင်ဒီမိုကရက်တစ်ပါတီ KDP မှ ဦးကွမ်ဂေါင်အောင်ခမ်း၊ ရှမ်းနီ (တိုင်းလိုင်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ မှ ဒေါ်ခင်အုန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ဦးဆီဟူးဒွေ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်ယမ်ခေါန်၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ မှ ဒေါ်အမ်ဒီခေါညွယ်၊ တစ်သီးပုဂ္ဂလ မှ ဒေါက်တာသန်းထိုက်ဦး တို့ဖြစ်ပါသည်။

ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ (၃)ရက်နေ့ ပြုလုပ်မှာဖြစ်ပြီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ မဲရုံပေါင်း ၁၁၄ တွင် မဲပေးကြရမည် ဖြစ်ပါသည်။

 

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...