မွန်ရေဘေးသင့်ဒေသမှ စာသင်ကျောင်း ၄၄ ခု ဆက်ပိတ်ထားရ

မွန်ရေဘေးသင့်ဒေသမှ စာသင်ကျောင်း ၄၄ ခု ဆက်ပိတ်ထားရ
 ရေနစ်မြုပ်နေသည့် ချောင်းနှစ်ခွကျေးရွာ စာသင်ကျောင်းကို မြင်တွေ့ရစဉ်(ဓါတ်ပုံ-MNA)
ရေနစ်မြုပ်နေသည့် ချောင်းနှစ်ခွကျေးရွာ စာသင်ကျောင်းကို မြင်တွေ့ရစဉ်(ဓါတ်ပုံ-MNA)

မွန်ပြည်နယ်အတွင်း ရေဘေးသင့်ခဲ့သော ၆ မြို့နယ်ထဲမှ စာသင်ကျောင်း ၁၁၄ ကျောင်းကို သြဂုတ်လ ၅ ရက်နေ့က ပြန်လည်ဖွင့်လှစ်နိုင်သော်လည်း စာသင်ကျောင်း ၄၄ ခု ဆက်လက်ပိတ်ထားရဆဲဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

“ဒီ ၅ ရက်နေ့အထိ ကျိုက်မရောမြို့နယ်တစ်ခုလုံး ၃၆ ကျောင်း မဖွင့်နိုင်သေးပါဘူး။  ပေါင်မြို့နယ်က ၇ ကျောင်း မဖွင့်နိုင်သေးဘူး။ သထုံမြို့နယ်က တစ်ကျောင်း မဖွင့်သေးဘူး။ ဖွင့်ဖို့ကျန်ရှိနေတဲ့ စာသင်ကျောင်း စုစုပေါင်း ၄၄ ကျောင်းရှိတယ်”ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး(စီမံ) ဒေါ်လဲ့လဲ့ကြည်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့အထိ ကျိုက်ထိုမြို့နယ် ၃ ကျောင်း၊ ဘီးလင်းမြို့နယ် ၇၄ ကျောင်း၊ သထုံမြို့နယ် ၂၇ ကျောင်း၊ ပေါင်မြို့  ၂ ကျောင်းနှင့် မော်လမြိုင်မြို့နယ် ၈ ကျောင်း စုစုပေါင်း ၁၁၄ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်၊

“ဖွင့်ဖို့ကျန်နေတာက အဓိကရေပေါ့၊ တအားနိမ့်တဲ့နေရာတွေမှာ ရေကျန်နေသေးတယ်။ ကျိုက်မရောမှာကျတော့ ဟိုဘက်က သံလွင်မြစ်ရေက မဆင်းဘူး။ မိုးကရွာတယ် ပြီးတော့ သံလွင်မြစ်ရေက ဒီအတိုင်း တန့်နေတဲ့အတွက်ကြောင့်မို့လို့ ရေက လုံဝမကျသေးဘူး။ တစ်ဖက်က မိုးရေကလည်း ကြီးတဲ့အခါကျတော့ ဒီ ၃၆ ကျောင်းလုံးကို ပြန်မဖွင့်နိုင်သေးဘူး”ဟု ဒေါ်လဲ့လဲ့ကြည်က ပြောသည်။

စာသင်ကျောင်းများတွင် ကယ်ဆယ်ရေးစခန်းဖွင့်ခဲ့ရခြင်း၊ ရေနစ်မြုပ်သွားခြင်း၊ ကျေးရွာတွင် ရေနစ်မြုပ်၍ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲဖြစ်ခဲ့ရခြင်းကြောင့် စာသင်ကျောင်းများပိတ်ခဲ့ရသည်ဟု ဆိုသည်။

မွန်ပြည်နယ်တွင် ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်၍ ရေဘေးသင့် ခဲ့ရသည့် ၆ မြို့နယ်တွင် ဘီးလင်း ၇၄ ကျောင်း၊ ကျိုက်မရော ၃၆ ကျောင်း၊ ကျိုက်ထို ၃ ကျောင်း၊ သထုံ ၂၈ ကျောင်း၊ ပေါင် ၉ ကျောင်းနှင့် မော်လမြိုင် ၈ ကျောင်း ပိတ်ခဲ့ရခြင်း ဖြစ်သည်။

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...