ဇိုမီကျောင်းသားများအသင်း- ကလေးတက္ကသိုလ် ၂၅ နှစ်ပြည့် ငွေရတုအခမ်း​အနားကျင်းပ

ဇိုမီကျောင်းသားများအသင်း- ကလေးတက္ကသိုလ် ၂၅ နှစ်ပြည့် ငွေရတုအခမ်း​အနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ဇိုမီကျောင်းသားများအသင်း- ကလေးတက္ကသိုလ် ၂၅ နှစ်ပြည့် ငွေရတုအခမ်း​အနားကို ကလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်း ၉ နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ယင်းအခမ်း​အနားတွင် အထူးဧည့်သည်အဖြင့် စစ်ကိုင်းတိုင်းဝန်ကြီး ပါမောက္ခငြိမ်း ဦးကမ်ဇမုန်၊ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန် နှင့် စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်တို့ပါဝင်ခဲ့ကြောင်းသိရသည်။

ဇိုမီကျောင်းသားများအသင်း၏ ၂၅ နှစ်ပြည့် ငွေရတုအခမ်း​အနားသည် ကလေးတက္ကသိုလ် တည်ထောင်သည့် နှစ်ပေါင်း ၂၅ နှစ်ပြည့်နှင့် တပြိုင်နက်တည်း ကျရောက်ခဲ့ပြီး ကျောင်းသားများအနေဖြင့် တိုင်းပြည်အနာဂတ်ထူထောင်ရေးတွင် ပူးပေါင်းပါဝင်လာနိုင်မည်ဟု ယုံကြည်ကြောင်း ကျောင်းသားခေါင်းဆောင်ဟောင်း မိုက်ကယ်ဆွမ်းလျံပေါင်ကပြောသည်။

“ဒီ ၂၅ နှစ်တိုင်တိုင် ကျွန်တော်တို့ ကိုကျရာနေရာမှာ ကျောင်းပညာသော်လည်းကောင်း အမျိုးဘာသာ သာသနာ စာပေယဉ်ကျေးမှုအားဖြင့် အများကြီးကျွန်တော်တို့ ကျောင်းသားတွေအဆက်ဆက် ခေါင်းဆောင်အဆက်ဆက် ကြိုးစားအားထုတ်နိုင်ခဲ့ပြီးပါပြီ အဲဒါနှင့်အမျှ ၂၅ နှစ်ပြည့်ငွေရတုသဘင် နောက်ပိုင်းမှာ ဒီထက်အစများစွာ ပိုပြီးတော့ကြိုးစားအောင်မြင်ပြီးတော့ တိုင်းပြည်ရဲ့အနာဂတ်တိုင်းပြည်ထူထောင်ရေးပိုင်းမှာ အုတ်တချပ် သဲတစ်ပွင့်အနေနှင့် ထိရောက်စွာပူပေါင်းပါဝင်နိုင်မယ်ဆိုတာ ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်” ဟုသူက ပြောသည်။

ဇိုမီကျောင်းသားများအသင်းသည် ၁၉၉၃ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ကြပြီး ဇိုမီကျောင်းသားတွေအတွက် ကျောင်းသားအခွင့်အရေးများ၊ ကျောင်းသူကျောင်းသားများ၏ လူမှုရေးနှင့် ကျောင်းတွင်းလှုပ်ရှားမှုများ၊ ရိုးရာယဉ်ကျေးမှုတွင် မြို့မိမြို့ဖများနှင့် ပူးပေါင်းပါဝင်လှုပ်ရှားသည့် အသင်းဖြစ်ကြောင်း ကလေးတက္ကသိုလ် ဇိုမီကျောင်းသားများအသင်း ဥက္ကဌ မောင်တာန်လန်ဆွမ်ခိုင်ကပြောသည်။

Most read this week

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...