ကလေးလေဆိပ် အဆောက်အအုံနှင့် ပရဝဏ်အား အဆင့်မြှင့်တင်ရန်အဆို အမျိုးသားလွှတ်တော်တွင်​တင်သွင်းခဲ့

ကလေးလေဆိပ် အဆောက်အအုံနှင့် ပရဝဏ်အား အဆင့်မြှင့်တင်ရန်အဆို အမျိုးသားလွှတ်တော်တွင်​တင်သွင်းခဲ့

သြဂုတ် (၃) ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းဝေးတွင် ကလေးမြို့ လေဆိပ်အဆောက်အအုံနှင့် လေဆိပ်၏ ပရဝဏ်အား အဆင့်မြှင့်တင်ပေးရန်အစီ အစဉ် ရှိ/မရှိနှင့် ပတ်သက်၍ ချင်းပြည်နယ် မဲဆန္ဒနယ်(၄)၏အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက အဆိုတင်သွင်းမေးမြန်းခဲ့ ကြောင်းသိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဇုန်လှယ်ထန်းက “ကျွန်တော်တို့ ကလေးလေဆိပ်မှာ လေယာဉ်ကနောက်ကျမှဆင်းရင် ခရီးသည်က စောင့်ဆိုင်းနေရပါတယ် ဒီလိုမျိုးအချိန်မှာလည်း လေဆိပ််ထဲမှာ စားသောက်ဆိုင်ကမရှိ သန့်စင်ခန်းကောင်းတာမရှိ အခက်ခဲများစွာ ရင်ဆိုင်နေရပါတယ်”ဟု အမျိုးသားလွှတ်တော်အစည်းဝေးတွင်တင် ပြခဲ့သည်။

ကလေးမြို့ လေဆိပ်သည် ချင်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းအနောက်ဘက်ပိုင်းမှ ပြည်သူများ လေကြောင်းခရီးသွားလာနှိုင်ရေး ဝန်ဆောင်မှုပေးနေသော လေဆိပ်ဖြစ်သောကြောင့် အသွားအလာများသဖြင့် လေဆိပ်ဧ။်အဆောက်အုံနှင့် ပရဝဏ်ဟာလည်း အဆင့်မြှင့်တင်ရန်လိုအပ်သည်။

သူကဆက်ပြီး “ကျွန်တော်တို့ မိုးရာသီမျိုးမှာ လေယာဉ်ကနေ ထွက်ခွာပြီး ပစ္စည်းများရွေးယူတဲ့ ချိန်မှာ ရွံ့ထဲပွက်ထဲကနေ ရွေးယူရတယ် လေဆိပ်ကနေ ထွက်တဲ့ အခါကြပြန်တော့လည်း စင်ဝင်မရှိတဲ့အတွက်ကြောင့်လည်းကောင်း မိုးထဲလေထဲကနေဖြတ်ပြီးတော့ ထွက်ခွာရပါတယ်” ဆက်ပြီးတင်ပြခဲ့သည်။

ကလေးမြို့ လေဆိပ်သည် နေ့ စဉ်လေယာဉ်အတက်အဆင်းရှိပြီး အနည်းဆုံ လူတစ်ရာခန့် လေကြောင်းဖြင့် နေ့စဉ်သွားလာကြသဖြင့် လေယာဉ်ဆိုက်ရောက်ချိန်နှင့် ထွက်ခွာတဲ့ချိန်များတွင် လေကြောင်းနှင့်ခရီးသွားသူများ ပိုမိုအဆင်ပြေ ရန် ပရဝဏ်ကိုလည်း ကွန်ဂရစ်ခင်းပြီး ဆောင်ရွက်သင့်ကြောင်း ချင်းပြည်နယ် မဲဆန္ဒနယ်(၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းမှ တင်ပြခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...