ဒု-သမ္မတ ဦးဟင်နရီ ဗန်ထီးယူ နှင့် မီဇိုရမ်ဝါရင့်ထိပ်သီးနိုင်ငံရေးသမား ပူးလာဒုအောမ်မာ နေပြည်တော်တွင်တွေ့ဆုံ

ဒု-သမ္မတ ဦးဟင်နရီ ဗန်ထီးယူ နှင့် မီဇိုရမ်ဝါရင့်ထိပ်သီးနိုင်ငံရေးသမား ပူးလာဒုအောမ်မာ နေပြည်တော်တွင်တွေ့ဆုံ

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်မှ ၀ါရင့်ထိပ်သီးနိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ပူးလာဒုအောမ်မာသည် မြန်မာနိုင်ငံ ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် ဇူလိုင် ၃၁ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံပြီးနှစ်နိုင်ငံ အကျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေးကိစ္စနှင့် အကျိုးတူလုပ်ဆောင်နိုင်မည့် ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်ရှိ Zoram Nationalist Party (ZNP) ဥက္ကဌလည်းဖြစ် အင်အားကြီး ပူးပေါင်းပါတီ Zoram Peoples’ Movement (ZPM) ၏ ဝန်ကြီးချူပ်လောင်း အဖြစ် လျာထားခံရသည့် ပူးလာဒုအောမ်မာသည် ကလေးမြို့တွင် ကျင်းပသော ချင်းလူမျိူးများစည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲသို့ ဧည်သည်တော်ကြီးအဖြစ် တက်ရောက်လာပြီးနောက် နေပြည်တော်သို့ သွားရောက်ကာ ဒုသမ္မတ နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဒုသမ္မတနှင့်တွေ့ဆုံချိန်တွင် မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်မှ ကလေးမြို့၊ တီးတိန်-ဖလမ်း နှင့် ဟားခါးကြား မှန်လုံကားများပြေဆွဲနိုင်ရေး၊ အိုက်ဇောလ်-ချင်းပြည်နယ်နှင့် ကလေးမြို့အကြား လေကြောင်းလိုင်းပြေးဆွဲနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် လူရှိုင်း နှင့် ဟွာလ်ငို မျိူးနွယ်စု ကလေးငယ်များ အတူတကွ သင်ကြားနိုင်မည့် ကျောင်းသင်ရိုးညွန်းတမ်းစာအုပ်တစ်ခု ထုတ်ဝေနိုင်ရေး နှင့် ခမ်းပတ်ညောင်ပင်အို ထိန်းသိမ်းပြုပြင်နိုင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...