မချမ်းဘော့ ရဲများ ကျောင်းဆရာ တစ်ဦးကို ဘိန်းဖြူနှင့်အတူ ဖမ်းမိ

မချမ်းဘော့ ရဲများ ကျောင်းဆရာ တစ်ဦးကို ဘိန်းဖြူနှင့်အတူ ဖမ်းမိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ထရန်ဒမ်းကျေးရွာအုပ်စု မန်ခွပ်ကျေးရွာမှ မူလတန်းပြဆရာ ဉာဏ်ထွန်း အား ဘိန်းဖြူ (၀.၄) ဂရမ်ခန့် နှင့်အတူဖမ်းဆီးရမည့်ခဲ့ကြောင်း မချမ်းဘော့နယ်မြေရဲစခန်းမှ ခေတ္တ စခန််းမှူးရဲအုပ် ဆလှိုင်းသိန်းထွန်း ပြောသည်။

အဆိုပါ ဆရာ အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ မယ(ပ)၂/၁၈၊ မူး/စိတ် ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

ဖမ်းဆီးခံရသူ ဆရာ ဉာဏ်ထွန်း အသက်(၂၈) နှစ်သည် ကျောင်းသားများကိုလည်း ဘိန်ဖြူရောင်းပေးသူဖြစ်သည် ဟု ဒေသခံများမှ ပြောဆိုနေမှုများအပေါ် ရဲအုပ်ဆလိုင်းသိန်းထွန်း က“ကျောင်းသူကျောင်းသားတွေကို ရောင်းမရောင်းဆိုတာတော့ ကျနော်မသိဘူး။ ခုမှ စစ်ဆေးနေနေတုန်းပဲ” ဟု ဆိုပါသည်။

ဆိုင်ကယ်စီးပြီး ရွာလမ်းအတိုင်း သွားနေသည့် ဆရာဉာဏ်ထွန်းကို ဘိန်းဖြူ (၀.၄) ဂရမ်ခန့် နှင့်တကွ ဇူလိုင်လ (၂၆)ရက်နေ့ နံနက်ပိုင်း ကောင်းမှုလုံ မေလိခချောင်း တံတားအနီး ဖမ်းဆီးရမိခဲ့ကြောင်း ပြောပါသည်။

ဖမ်းမိသူအား စစ်ဆေးပြီးနောက် ၎င်းအား ရောင်းပေးသူများဖြစ်ကြသည့် မအင်ကြင်းနှင့် ဦးမောင် တို့ကိုလည်း ဘိန်းဖြူ (၂၂)ဂရမ် နှင့်တကွ ထို့နေ့ ညနေပိုင်းမှာ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

အဆိုပါ မူလတန်းပြဆရာ ကို သုံးစွဲမှု၊ ရောင်းဝယ်မှု၊ ဖြန့်ဖြူမှု အားပေးကူညီမှု စသည့် ပုဒ်မ (၃)ခုဖြင့် မချမ်းဘော့့မြို့နယ် နှင့် ပူတာအိုခရိုင်တရားရုံးများသို့ အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း သိရပါသည်။

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...