ချင်းပြည်နယ် ကျေးရွာပေါင်း ၆၀၀ ကျော်တွင် မီးလင်းရေးစီမံကိန်းလျာထား

ချင်းပြည်နယ် ကျေးရွာပေါင်း ၆၀၀ ကျော်တွင် မီးလင်းရေးစီမံကိန်းလျာထား

ချင်းပြည်နယ် ကျေးလက်ဒေသရှိ မဟာဓာတ်အားလိုင်းနှင့် ၁၀ မိုင်အထက်ဝေးကွာသော ကျေးရွာပေါင််း ၆၄၅ ရွာတွင် မီးလင်းရေး လုပ်ငန်းစီမံကိန်းကို အီတလီအတိုးမဲ့ချေးငွေဖြင့် ၃နှစ်အတွင်း စီစဉ်ဆောင်ရွက်ရန် လျာထားကြောင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဦးမျိုးထိုက်ကပြောသည်။

အီတလီအတိုးမဲ့ချေးငွေဖြင့် အမျိူးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) မှ အကောင်ထည်ဖော်ဆောင်ရွက်ရန် စီမံကိန်းလျာထားချက်မှာ ချင်းပြည်နယ်၊ စစ်ကိုင်း နှင့် နာဂဒေသရှိ ကျေးလက်ဒေသမီးလင်းရေးစီမံကိန်းဖြစ်ပြီး သုံးနှစ်စီမံကိန်းဖြစ်သည်ဟု သိရသည်။

ယင်းစီမံကိန်းလျားထားချက်ကို သြဂုတ်လ ၃ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးကြမည်ဖြစ်ကာ အတည်ပြုပါက အကောင်အထည်ဖော်ဆောင်ရွက်ကြမည်ဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ် ဦးမျိူးထိုက်ကပြောသည်။

“ အဲဒါကို အခုလာမယ့် ၃ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်ထဲက ဆွေးနွေလိုတဲ့ကိုယ်စား လှယ်တွေက ဆွေးနွေးပြီးမှ လွှတ်တော်မှာ အတည်ပြုမှာ အတည်ပြုမပြုကိုတော့ ပြောလို့မရသေးဘူး အတည်ပြုပြီဆိုရင်တော့ အစိုးရက အကောင်ထည်ဖော်တော့မှာပေါ့ လက်ရှိတွင် လျာထားကာလတွင်ရှိတယ်” ဟုသူကပြောသည်။

အဆိုပါမီးလင်းရေးစီမံကိန်းလျာထားချက်ကို ပြည်ထောင်စုလွှတ်တော်မှအတည်ပြုပြီးအကောင်ထည်ဖော်ရွက်မည်ဆိုပါက ချင်းပြည်နယ်တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၁၅၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၁၅၊ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၁၅ တွင် အိမ်သုံးဆိုလာစနစ်နှင့် အသေးစားဓာတ်အားစနစ်ဖြင့် ၃ နှစ်အတွင်း ကျေးရွာပေါင်း (၆၄၅)ရွာတွင် မီးတပ်ဆင်ပေးမည်ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...