ဟူးကောင်းချိုင့်ဝှမ်း Lawt Ja စစ်ရှောင်များ (၂)နှစ်ပြည့် ဆုတောင်းပွဲ ပြုလုပ်

ဟူးကောင်းချိုင့်ဝှမ်း Lawt Ja စစ်ရှောင်များ (၂)နှစ်ပြည့် ဆုတောင်းပွဲ ပြုလုပ်

အစိုးရ အသိမှတ်ပြုခြင်း မရှိသေးသော လီဒို လမ်းမပေါ် Shahtu Zup နှင့် Awng Ra ကျေးရွာများတွင် ထွက်ပြေးခိုလှုံနေသော Lawt Ja (လော့ဂျာ) စစ်ပြေးဒုက္ခသည်များ၏ (၂)နှစ်ပြည့် ဆုတောင်းပွဲအစီစဉ် ဇူလိုင် (၃၁)ရက်နေ့ ပြုလုပ်ခဲ့ပါသည်။

၂၀၁၆ ဇူလိုင်လအတွင်း Shahtu Zup (ရှထူးဇွပ်) ကျေးရွာအနီး ရွှေမော် နယ်မြေ တစ်ဝိုက် တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ အများအပြား လက်ရှိအချိန်ထိ Shahtu Zup (ရှထူးဇွပ်) နှင့် Awng Ra (အောင်ရာ) ကျေးရွာ အသင်းတော်ဝင်းများတွင် ခိုလှုံနေရခြင်း ဖြစ်ပါသည်။



ဇူလိုင် (၃၁)ရက်နေ့က ပြုလုပ်သည့်အစီစဉ်မှာ အိမ်ထောင်စု (၂၂)စုမှ လူဦးရေစုစုပေါင်း (၉၁) နေထိုင်သော Awng Ra ကျေးရွာ မူရင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်ရှိ စစ်ရှောင်များ ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။



တည်းခိုစရာ အိမ်ခန်းများကို နိုင်ငံတကာ အကူညီပေးထားသော်လည်း နေ့စဉ် အစားအသောက် နှင့် ဆေးဝါး အကူညီလိုအပ်ကြောင်း Awng Ra ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (မူရင်း) စစ်ရှောင်စခန်း တာဝန်ခံ Sara Zau Awng (ဆရာဇော်အောင်) ပြောပါသည်။



လွန်ခဲသည့် ၂ နှစ် Shahtu Zup နယ်မြေ တစ်ဝိုက်တိုက်ပွဲကြောင့် ယခု Shahtu Zup ကျေးရွာ နှင့် Awng Ra စံပြကျေးရွာ တို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC)၊ မူရင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBBC)၊ ရိုမန်ကက်သလစ်အသင်းတော် (RC) စသည့် အသင်းတော်များတွင် စစ်ရှောင် ၁၅၀ ခန့် ခိုလှုံနေဆဲ ဖြစ်ပါသည်။



မြန်မာအစိုးရတပ် နှင့် KIA တို့ ဟူးကောင်းချိုင့်ဝှမ်းဒေသ ရွှေမှော်၊ ပယင်းမှော် တိုက်ပွဲများကြောင့် ၎င်း ဒေသရှိ ပြည်သူများမှာ ယခု တနိုင်းမြို့ပေါ်တွင် ခိုလှုံလျှက်ရှိနေပါသည်။

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...