ဟူးကောင်းချိုင့်ဝှမ်း Lawt Ja စစ်ရှောင်များ (၂)နှစ်ပြည့် ဆုတောင်းပွဲ ပြုလုပ်

ဟူးကောင်းချိုင့်ဝှမ်း Lawt Ja စစ်ရှောင်များ (၂)နှစ်ပြည့် ဆုတောင်းပွဲ ပြုလုပ်

အစိုးရ အသိမှတ်ပြုခြင်း မရှိသေးသော လီဒို လမ်းမပေါ် Shahtu Zup နှင့် Awng Ra ကျေးရွာများတွင် ထွက်ပြေးခိုလှုံနေသော Lawt Ja (လော့ဂျာ) စစ်ပြေးဒုက္ခသည်များ၏ (၂)နှစ်ပြည့် ဆုတောင်းပွဲအစီစဉ် ဇူလိုင် (၃၁)ရက်နေ့ ပြုလုပ်ခဲ့ပါသည်။

၂၀၁၆ ဇူလိုင်လအတွင်း Shahtu Zup (ရှထူးဇွပ်) ကျေးရွာအနီး ရွှေမော် နယ်မြေ တစ်ဝိုက် တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ အများအပြား လက်ရှိအချိန်ထိ Shahtu Zup (ရှထူးဇွပ်) နှင့် Awng Ra (အောင်ရာ) ကျေးရွာ အသင်းတော်ဝင်းများတွင် ခိုလှုံနေရခြင်း ဖြစ်ပါသည်။



ဇူလိုင် (၃၁)ရက်နေ့က ပြုလုပ်သည့်အစီစဉ်မှာ အိမ်ထောင်စု (၂၂)စုမှ လူဦးရေစုစုပေါင်း (၉၁) နေထိုင်သော Awng Ra ကျေးရွာ မူရင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်ရှိ စစ်ရှောင်များ ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။



တည်းခိုစရာ အိမ်ခန်းများကို နိုင်ငံတကာ အကူညီပေးထားသော်လည်း နေ့စဉ် အစားအသောက် နှင့် ဆေးဝါး အကူညီလိုအပ်ကြောင်း Awng Ra ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (မူရင်း) စစ်ရှောင်စခန်း တာဝန်ခံ Sara Zau Awng (ဆရာဇော်အောင်) ပြောပါသည်။



လွန်ခဲသည့် ၂ နှစ် Shahtu Zup နယ်မြေ တစ်ဝိုက်တိုက်ပွဲကြောင့် ယခု Shahtu Zup ကျေးရွာ နှင့် Awng Ra စံပြကျေးရွာ တို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC)၊ မူရင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBBC)၊ ရိုမန်ကက်သလစ်အသင်းတော် (RC) စသည့် အသင်းတော်များတွင် စစ်ရှောင် ၁၅၀ ခန့် ခိုလှုံနေဆဲ ဖြစ်ပါသည်။



မြန်မာအစိုးရတပ် နှင့် KIA တို့ ဟူးကောင်းချိုင့်ဝှမ်းဒေသ ရွှေမှော်၊ ပယင်းမှော် တိုက်ပွဲများကြောင့် ၎င်း ဒေသရှိ ပြည်သူများမှာ ယခု တနိုင်းမြို့ပေါ်တွင် ခိုလှုံလျှက်ရှိနေပါသည်။

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...