KBC လူငယ် ဓမ္မဆရာ (၂)ဦး ကို အစိုးရ နယ်ခြားစောင့်တပ်မှ ရိုက်နက်၊ (၁)ကို ဖမ်းဆီးထား

KBC လူငယ် ဓမ္မဆရာ (၂)ဦး ကို အစိုးရ နယ်ခြားစောင့်တပ်မှ ရိုက်နက်၊ (၁)ကို ဖမ်းဆီးထား

ကချင်ပြည်နယ်၊ ဆဒုံဒေသ နယ်ခြားစောင့်အဖွဲ့များ ရေမြောင်းရှင်းလင်းရာတွင် ကျေးရွာသားများ၏ နေအိမ်များကို ဖျက်စီးကာ ပြုလုပ်လာသည့်အတွက် ထိုသို့မပြုလုပ်ရန် ညှိနှိုင်းသည့် ဝိုင်းမော်မြို့နယ် KBC ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် လူငယ်တာဝန်ခံ ဓမ္မဆရာ Mading Zaidan Bawm Ying ကို ရိုက်နက်ဖမ်းဆီးကာ ၎င်း၏ ဇနီးကိုလည်း ပါးရိုက်မှု ဇူလိုင်လ (၃၁)ရက် နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။

အခြား ဆဒုံနယ် KBC ဓမ္မဆရာ Lagyi Naw Awn ကို လည်း နယ်ခြားစောင့်တပ် BGF စစ်သားများ လက်သီးနှင့် ထိုးကြောင်း ဆိုပါသည်။ 



အစိုးရမြေတိုင်း နှင့် စည်ပင် အဖွဲ့များ မပါဝင်ဘဲ နယ်ခြားစောင့်တပ် (BGF) မှ လက်နက်အပြည့်ကိုင်ဆောင်ထားသော တပ်အဖွဲ့ သည် ကျေးရွာအတွင်း ရေမြောင်းများကို ပြုလုပ်ရာတွင် ခြံစည်းရိုးများဖျက်ကာ အသင်း ပြုလုပ်လာချိန် ဆရာ Mading Zaidan Bawm Ying လည်း ၎င်း၏ နေအိမ်ကို ထိုသို့ မပြုလုပ်ရန် ညှိနှိုင်းရာ BGF တပ်မှူးက ထိုးနက်ပြီး စစ်သားများက သေနတ်ဒင်ဖြင့် ထုထောင်းခဲ့သည့်အတွက် သွေးအန်သည့် အဆင့်ထိ ဖြစ်ခဲ့သည်ဟု ထိုမြင်ကွင်းကို ကိုယ်တိုင်ကြုံရသည့် ဇနီးသည်က ပြောပြပါသည်။

“သူတို့က အားလုံးလက်နက်အပြည့်ပဲ။ ကျမလည်း ထွက်လာပြီး အဲလို ရိုက်နက်စရာမလိုဘူးလို့ သွားပြောခဲ့တယ်။ အဲမှာ ကျမကိုလည်း ဆွဲယူပြီး မေးရိုးမှာ ၂ ချက် လက်သီးနဲ့ထိုးတယ်။ ပြဿနာသွားဖြေတဲ့ ဆဒုံနယ်က ခရစ်ယာန် ဓမ္မဆရာ Lagyi Naw Awn ကိုလည်း ထိုးတယ်။ သေနတ်နဲ့ ထုတယ်။ ကျမ ယောကျာ်းကိုတော့ နံရံမှာကပ်ထားပြီး စစ်သား ၂ ယောက်ထိန်းထားတယ်။ အဲမှာ သူတို့ နယ်ခြားစောင့် ခေါင်းဆောင်က အားရပါးရ ထိုးတယ်။ သွေးတောင် အန်ထွက်တာ ကျမတွေ့လိုက်တယ်။”

ထို့နောက် ဆရာ Zaidan Bawm Ying ကို လည်း စစ်တပ်စခန်းကို ခေါ်ဆောင်သွားသည်ဟု ထပ်မံပြောပြပါသည်။



ယခုချိန် ဝိုင်းမော်မြို့နယ် KBC အသင်းတော် တာဝန်ရှိသူများ နှင့် နယ်ခြားစောင့်တပ် တာဝန်ရှိသူများ ဆဒုံမြို့ တွေ့ဆုံနေသည်ဟု ဆရာမ က ပြောပါသည်။



နယ်ခြားစောင့်တပ်ဘက်မှ အမှုကျေအေးပေးရန် ပြောဆိုမှုလည်း ရှိနေသည်ဟု သိရပါသည်။



ရိုက်နက်ခံရမှုကြောင့် ဆရာ Zaidan Bawm Ying ၏ အခြေအနေ အသေးစိတ်မသိရသေးပါ။



အသေးစိတ်အခြေအနေများကို တွေ့ဆုံမှုအပြီး ကချင်သတင်းဌာန KNG မှ ထပ်မံ ဖော်ပြသွားပါမည်။

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...