မုန်ပေါ် ဒေသခံများကန့်ကွက်သည့် သံရည်ကြိုစက်ရုံအစား မှိုပေါင်းစက်ရုံ ဆောက်

မုန်ပေါ် ဒေသခံများကန့်ကွက်သည့် သံရည်ကြိုစက်ရုံအစား မှိုပေါင်းစက်ရုံ ဆောက်

ရှမ်းပြည်မြောက်ပိုင်း ကြိုးကုတ် (ပန်ဆိုင်း)မြို့၊ မုန့်ပေါ် ကျေးရွာ Loilem Pa တွင် တည်ဆောက်မည့် သံရည်ကြို စက်ရုံကို ဒေသခံများ ကန့်ကွက်သောကြောင့် ယခုတွင် အဆိုပါ စက်ရုံအစား မှို ပေါင်းစက်ရုံ တည်ဆောက်ရန် ဆိုင်းဘုတ် ပြန်လည် ထူထောင်ထားသည်ဟု သိရပါသည်။
 

ကုမ္မဏီသည် အစပိုင်းတွင် ဖုန်း circuit၊ ကွန်ပျူတာ circuit များကို အရည်ကြိုမည့် စက်ရုံတည်ဆောက်ရန်ဖြစ်သော်လည်း ဒေသခံများ ကန့်ကွက်မှု များလာသဖြင့် မှိုပေါင်းမည့် စက်ရုံသာ ဆောက်လုပ်ရန် ပြန်စီစဉ်နေကြောင်း ဒေသခံများ ပြောပါသည်။



ထိုစက်ရုံတည်ဆောက်လုပ်မည့်နေရာသည် မုန်ပေါ်ကျေးရွာသားများ၏ သောက်သုံးရေ အရင်းမြစ်ဖြင့် စမ်းရေ ထွက်သည့်နေရာ ဖြစ်နေသည့်အပြင် အားလုံးနှင့် သက်ဆိုင်သော နေရာလည်းဖြစ်နေသောကြောင့် မုန်ပေါ် KBC ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ လည်း ဇွန်လဆန်းအတွင်း ကန့်ကွက်စာ ထုတ်ပြန်ထားပြီ ဖြစ်ပါသည်။



ယခု မှိုပေါင်းမည့် စက်ရုံဆောက်မည်ဟု ဆိုသော်လည်း စက်ရုံတည်ဆောက်ရလောက်အောင် ထိုဒေသတွင် မှို များစွာ ထွက်ရှိခြင်း မရှိသဖြင့် ဒေသခံများက ထိုစီမံကိန်းကို အယုံအကြည်မရှိ ကန့်ကွက်နေဆဲ ဖြစ်ပါသည်။



“ကျွန်တော်တို့ အနေနဲ့တော့ မလုပ်ခိုင်းစေချင်ဘူး၊ အဲ့ဒီနေရာက ရေထွက်ပေါက်လဲ ဖြစ်နေတယ်၊ သူတို့က စည်းမဲ့ ကမ်းမဲ့ စွန့်ပစ် တဲ့ အမှိုက်တွင် သောက်သုံးတဲ့ရေထဲ ဝင်ရောက်သွားရင် ဒုက္ခ ကြုံရမှာက ကျနော်တို့ဒေသခံတွေဘဲလေ” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။



ကုမ္မဏီ အနေဖြင့် ဒေသခံများကို လမ်း၊ အသင်းတော် မိဘမဲ့ ဂေဟာ နှင့် ကျေးရွာ၏ လိုအပ်ချက်များကို ကူညီ ထောက်ပ့ံပေး မည်ဟု ပြောကြောင်းကိုလည်း သိရပါသည်။



စက်ရုံတည်ဆောက်မည့် Loilem Pa သည် မုန်းပေါ်ရွာမှ ၁ မိုင်ကျော် အကွာအဝေးတွင် ဖြစ်ကြောင်းသိရသည်။



စက်ရုံလာတည်ဆောက် မည့် ကုမ္မဏီသည် တရုတ်နိုင်ငံ ရွှေလီမြို့ အခြေစိုက် မောင့်စိန် ဘိန်းအစားထိုး ကုမ္မဏီ ဖြစ်ပြီး ပြုလုပ်ရန် အခွင့်ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပေးကြောင်း ဒေသခံများပြောပါသည်။



ယခုချိန် စက်ရုံ တည်ဆောက်ခြင်း ကို ရပ်ထားသော်လည်း ဆောက်လုပ်ရေး ကိရိယာများ ရှိနေသေးကြောင်း သိရသည်။



၎င်းကုမ္မဏီသည် မုံးပေါ်ရွာသို့ ၂၀၁၆ ခုနှစ် စတင်ဝင်ရောက်လာပြီး ဘိန်းအစားထိုး လုပ်ငန်း နာမည်ဖြင့် ကြံ စိုက်ခင်းများ စတင်လုပ်လာခြင်းဖြစ်သည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...