သမ္မတအဆိုပြုသော ဗဟိုဘဏ်ဥက္ကဋ္ဌခန့်အပ်မှုအား ကန့်ကွက်သူမရှိဘဲ အတည်ပြု

သမ္မတအဆိုပြုသော ဗဟိုဘဏ်ဥက္ကဋ္ဌခန့်အပ်မှုအား ကန့်ကွက်သူမရှိဘဲ အတည်ပြု
by -
အောင်မြတ်သူ

 မြန်နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဦးကျော်ကျော်မောင်ကို ဆက်လက်ခန့်အပ်ရန်အပေါ် ကန့်ကွက်သူ မရှိဘဲ ယနေ့ဇူလိုင် ၃၁ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆက်လက် အတည်ပြုခဲ့သည်။

ဦးကျော်ကျော်မောင်ကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဆက်လက်ခန့်အပ် တာဝန်ပေးလိုကြောင်း နိုင်ငံတော် သမ္မတက အကြောင်းကြားစာပေးပို့မှုကို ဇူလိုင်လ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်းမှာ ပြည်ထောင်စုလွှတ်တောနာယက မန်းဝင်းခိုင်သန်းက ကြေညာထားခဲ့သည်။

အဆိုပါပုဂ္ဂိုလ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀ ပါ အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေအထောက်အထားပြ၍ ကန့်ကွက်လိုသည့်ကိုယ်စားလှယ်ရှိပါက ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ နောက်ဆုံးထားကာ ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့ခြင်းအပေါ် ကန့်ကွက်သူမရှိသောကြောင့် ယင်းသို့ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ တင်ပြပါ နောက်ဆုံးသတ်မှတ်ချိန်အထိ ဥပဒေနဲ့ အညီ တင်ပြနိုင်တဲ့ ကန့်ကွက်ချက်တစ်စုံတစ်ရာ မရှိတဲ့အတွက် ဦးကျော်ကျော်မောင်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ် တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်” ဟု ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်း နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

ဗဟိုဘဏ်ဥက္ကဋ္ဌနေရာအား သမ္မတမှ အဆိုပြုခန့်အပ်ရပြီး ဦးကျော်ကျော်မောင်သည် သမ္မတ ဦးသိန်းစိန် လက်ထက်၂၀၁၃ ခုနှစ် သြဂုတ်လ ၃၁ရက်နေ့က စတင်တာဝန်ထမ်းဆောင်ခဲ့ကာ ယခု ဇူလိုင်လ ၃၁ ရက်နေ့တွင် ၅ နှစ်သက်တမ်းပြည့်ပြီ ဖြစ်သည်။

ထိုသို့ သက်တမ်းပြည့်သွားသော်လည်း လက်ရှိအာဏာရပါတီ ဒီချုပ်အစိုးရလက်ထက်တွင် ဗဟိုဘဏ်ဥက္ကဋ္ဌနေရာ သက်တမ်း ၅နှစ် ထပ်မံ တိုးပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဦးကျော်ကျော်မောင်သည် အသက် ၇၉ နှစ်ရှိပြီဖြစ်ပြီး တပ်မတော်အစိုးရလက်ထက် တွင်လည်း  ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဆယ်နှစ်တိုင်တိုင် ဗဟိုဘဏ်ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

သို့ရာတွင် ဦးကျော်ကျော်မောင်အား ထပ်မံခန့်အပ်မှုသည် မြန်မာ့စီးပွားရေး၌ အများကြီး အားကိုးရမည့်သူ မဟုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...