ကရင်ပြည်နယ် ရေဘေးသင့်ပြည်သူများထံ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ

ကရင်ပြည်နယ် ရေဘေးသင့်ပြည်သူများထံ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ
by -
ဇေယျာမော်
(ဓာတ်ပုံ - ကရင်ပြည်နယ် ဘားအံမြို့တော်)
(ဓာတ်ပုံ - ကရင်ပြည်နယ် ဘားအံမြို့တော်)

 ရေဘေးသင့်ဒုက္ခ ခံစားနေရသည့် ပြည်သူများနှင့်တွေ့ဆုံရန် ကရင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည် ယနေ့ ဇူလိုင် ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်ဘားအံမြို့သို့ ရောက်ရှိလာသည့်အချိန်တွင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ရေဘေးကယ်ဆယ်ရေးစခန်းသို့ ကနဦးသွားရောက်ပြီး ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေးဘေးဒုက္ခများ ခံစားနေရခြင်းဖြစ်သည်။

ယင်းပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် ကရင်ပြည်နယ်သည် ရေဘေးဒုက္ခသည် အများဆုံးဖြစ်နေပြီး ရေဘေးသင့် ပြည်သူ တစ်သောင်းဝန်းကျင်ခန့်သည် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများ၏ စကားဝိုင်းအား ယခုရက်ပိုင်းအတွင်း ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ပြုလုပ်ရန် ရည်ရွယ်ထားသည်။

သို့သော်လည်း ရေဘေးသင့်ဒုက္ခ ခံစားနေရခြင်းများကြောင့် စကားဝိုင်းအား မည်သည့်အချိန်တွင် ပြုလုပ်မည်ကို အတိအကျ ပြောဆိုနိုင်သေးခြင်းမရှိဟု ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ဆိုသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့အနီး၌ စိုးရိမ်ရေမှတ် (၇၅၀ စင်တီမီတာ) အထက် ၁၀၁ စင်တီမီတာ(၃.၃ ပေ) ကျော်လွန်နေသည်ဟု မိုး/ဇလက ဇူလိုင်လ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...