ကျောက်စိမ်းတူးဖော်ရေး မြေပြိုမှုမှ ရုပ်အလောင်း ၆ လောင်း တွေ့ရှိ

ကျောက်စိမ်းတူးဖော်ရေး မြေပြိုမှုမှ ရုပ်အလောင်း ၆ လောင်း တွေ့ရှိ
by -
ဘုန်းနိုင်ဖြိုး(မုံရွာဂေဇာတ်)
(ဓာတ်ပုံ -ကိုယဉ်ထွေး)
(ဓာတ်ပုံ -ကိုယဉ်ထွေး)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှုအုပ်စု မမုံကျေးရွာအနီးရှိ ဧရာရတနာကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း ကမ်းပါးပြိုကျမှုတွင် ဇူလိုင်လ ၂၆ ရက် မနက် ၆ နာရီ အချိန်တွင် ရုပ်အလောင်း ၆ လောင်း ရေပေါ်သို့ပေါ်လာကြောင်း မမုံကျေးရွာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးယဉ်ထွေးက မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက် မနက် ၆ နာရီအချိန်တွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ၂ ရက်အကြာတွင် ယခုကဲ့သို့ ရုပ်အလောင်းများ ရေပေါ်သို့ပေါ်လာခြင်း ဖြစ်သည်။

"မနက် ၆ နာရီလောက်က ကျွန်တော်အရင်ဆုံးစတွေ့တာ။ အဲ့ဒီကနေမှ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားလိုက်တာ။အလောင်း ၅ လောင်းကတော့ ပိုင်ရှင်ပေါ်သွားပြီ "ဟု မမုံကျေးရွာ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးယဉ်ထွေးက ဆိုသည်။

အဆိုပါ မြေပြိူမှုမှာ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် လူပျောက် လာရောက်တိုင်ကြားထားသူ ၂၇ ဦးရှိကာ သေဆုံးသူရုပ်အလောင်းများ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဖားကန့်မြို့နယ်ရှိသက်ဆိုင်ရာတာဝန်ရှိသူများမှ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...