စစ်တောင်း ၊ ရွှေကျင် နှင့် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

စစ်တောင်း ၊ ရွှေကျင် နှင့် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
by -
ဇေယျာမော်

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေကျင်၊ စစ်တောင်းနှင့် သံလွင်မြစ်ရေတို့သည် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့အနီး၌ စိုးရိမ်ရေမှတ်(၁၀၇၀) စင်တီမီတာအထက် ၁၁၁ စင်တီမီတာ(၃.၆ ပေ)အထိ ကျော်လွန်ရောက်ရှိနေပြီး သံလွင်မြစ်ရေသည် ဘားအံမြို့အနီး၌ စိုးရိမ်ရေမှတ်(၇၅၀) စင်တီမီတာ အထက် ၉၀ စင်တီမီတာ (၂.၉)ပေအထိ ရောက်ရှိနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့အနီး၌ စိုးရိမ်ရေမှတ်(၇၀၀) စင်တီမီတာအထက် ၃၅ စင်တီမီတာ (၁.၁ ပေ) အထိ ကျော်လွန်နေသည်။

မှတ်သားဖွယ်ရာမိုးရေချိန်များအနေဖြင့် မြောက်ဦး မြို့တွင် (၉.၂၉)လက်မ၊ ဇောင်းတူမြို့တွင် (၇.၇၉)လက်မ၊ မောင်တော မြို့တွင် (၇.၁၃)လက်မ၊ ကျောက်တော်မြို့တွင် (၆.၇၃)လက်မ ရွာသွန်းခဲ့ပြီး ဇောင်းတူမြို့တွင် ရွာသွန်းခဲ့သည့် (၇.၇၉)လက်မသည် နှစ်ပေါင်း ၃၀ အတွင်း တိုင်းတာရရှိမှုမှ စံချိန်တင်ရွာသွန်းမှုလည်း ဖြစ်သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်နှင့် ချင်းပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ  ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နောက်နှစ်ရက်တာကာလအတွင်း  မိုးဆက်လက် ပိုနေမည်ဟု မိုးလေဝသနှင့် ဇလညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကရင်ပြည်နယ်ရှိမြို့နယ်အချို့တွင် ရေကြီး ရေလျှံမှုများဖြစ်ပေါ်နေပြီး လူ ၉၀၀၀ ကျော် ရေဘေးဒုက္ခ ရောက်နေပြီး တနင်္သာရီမြို့တွင် လူ ၅၀၀၀ ကျော် ရေဘေးဒုက္ခ ကြုံနေရသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...