ဖားကန့် မြေပြိုမှု ဆယ်ရက်အတွင်း ထပ်မံ ဖြစ်ပွား

ဖားကန့် မြေပြိုမှု ဆယ်ရက်အတွင်း ထပ်မံ ဖြစ်ပွား

ဖားကန့် ဆန်ခါမှော်တွင် ကြီးမားသော မြေပြိုမှုဖြစ်ပွားခဲ့ပြီး ဆယ်ရက်အကြာ ဇူလိုင် ၂၄ ရက်နေ့ နံနက်ပိုင်း ၅နာရီခန့်က မက်လင်ဂျောင် ဟုန်ပန်းလုပ်ကွက်မှာ မြေပြိုကျမှု ထပ်မံ ဖြစ်ပွားခဲ့သည်။

ယမန်နေ့ ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ရပြီး ကျောက်တူးဖော်သူ (၄၀)ဦးခန့် သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း ဒေသခံများ နှင့် ကိုယ်တိုင်မြင်တွေ့ရသူများ ဆိုသည်။



ယမန်နေ့ နေ့လည်ပိုင်းအထိ မြေပြိုကျသည့်နေရာသို့ ကယ်ဆယ်ရေးလုပ်ခြင်း မတွေ့ရသေးကြောင်းကို ကချင်သတင်းဌာန KNG က မေးမြန်းသိရသည်။



ဇူလိုင် (၁၄)ရက်နေ့ ဆန်ခါမှော် ကမ်းပါးပြိုကျမှုတွင် လူ (၂၀) သေဆုံးခဲ့ရပြီး (၆၄)ဦး ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 



၎င်း မြေပြိုကျမှုကြောင့် မြေမြှုပ်ခံရသူ စုစုပေါင်း (၁၀၀)ကျော်ထိ ရှိနိုင်သည်ဟု ဆိုသော်လည်း မိုး နှင့် ကယ်ဆယ်ရေး အထောက်အကူပြု စက်ယန္တရားများ မလုံလောက်ဟု ဆိုကာ ကယ်ဆယ်ရေး လုပ်ငန်းကို အစောပိုင်းကတည်းက ရပ်ထားလိုက်သည်။

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...