မီဇိုရမ်ရောက် စစ်ဘေးဒုက္ခသည်များတွင် ငှက်ဖျား နှင့် ဝမ်းလျောရောဂါဖြစ်ပွားမှုများ

မီဇိုရမ်ရောက် စစ်ဘေးဒုက္ခသည်များတွင် ငှက်ဖျား နှင့် ဝမ်းလျောရောဂါဖြစ်ပွားမှုများ

မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် Hmawngbuchhuah ကျေးရွာတွင် ထွက်ပြေးနေထိုင်ကြသော စစ်ဘေးဒုက္ခသည်များအကြား လတ်တလော ငှက်ဖျား နှင့် ဝမ်းလျော၊ ၊ ဗိုက်နာရောဂါ ဖြစ်ပွားမှုများပြားကြောင်း သိရသည်။

ယခုလို စစ်ဘေးဒုက္ခသည်များအကြား ငှက်ဖျားရောဂါအဖြစ်များရခြင်းမှာ အဓိကအားဖြင့် ခြင်ကြောင့်ဖြစ်တယ်လို့ သိရပြီး သူတို့နေထိုင်သည့်နေရာသည် တောတောင်သစ်ပင်ပေါ်များပြီး ချောင်းကမ်းနားတွင် နေထိုင်ကြသောသူများ ဖြစ်သည့်အတွက် မိုးရာသီတွင် ခြင်းပေါ်များပြီး ခြင်ထောင်များလည်း မရှိသောကြောင့် ငှက်ဖျားရောဂါအဖြစ်များရခြင်းဖြစ်တယ်လို့ လောင်တလိုင်မြို့ တွင်နေထိုင်သော စစ်ဘေးဒုက္ခသည်များကို ကူညီပေးသူ စေတနာ့ရှင် ချင်းအမျိုးသား တစ်ဦး ယောနက ပြောသည်။

“ငှက်ဖျားကျတော့ ခြင်ကိုက်မှုကြောင့်ဖြစ်တယ်။ အရင်တုန်းက သူတို့ကို ရခိုင်အမျိုးသားရေးလှုပ်ရှားသူအဖွဲ့ကနေပြီးတော့ ခြင်ထောင်တွေပေးတယ်။ သူတို့က ငါးဖမ်းဖို့ ပိုက်ကွန်အဖြစ် အသုံးပြုလိုက်ကြတယ်။” လို့ သူက ပြောသည်။

စစ်ဘေးဒုက္ခသည်များမှာ စားရေးသောက်ရေးကအစ အလွန်ခက်ခဲလှပြီး တောင်ကျချောင်းရေကို သောက်သုံးနေရသည့်အတွက် ဝမ်းလျောဝမ်းပျက်၊ ဗိုက်နာရောဂါများလည်း အဖြစ်များရခြင်းဖြစ်တယ်လို့ ယခုလို ဆက်ပြောပါသည်။

“စားရေးသောက်ရေးကြောင့်ဖြစ်နိုင်တယ်။ အပူအအေးဒဏ်ကြောင့်လည်းဖြစ်နိုင်တယ်။ သောက်သုံးရေမှာလည်း သန့်ရှင်းမှု မရှိဘူး။ တောင်ကျရေကိုခံပြီးတော့ သောက်သုံးနေရတယ်။” လို့ ယောနက ပြောသည်။

မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအနေဖြင့် လာမယ့် ၂၀၁၈ ခုနှစ် ၁၀ လပိုင်းအတွင်း အကုန်ပြန်သွားကြတော့မယ်လို့ ဒုက္ခသည်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမောင်ဦးက ပြောသည်။ ၄င်းအပေါ် လက်ရှိအခြေအနေတွင် ဒုက္ခသည်များအနေဖြင့် ပြန်ဖို့မဖြစ်နိုင်သေးကြောင်း အကြောင်းမှာ သူတို့ဒေသတွင် နေရထိုင်ရတာ အတော်လေးအခက်အခဲရှိနေသေးတယ်လို့ ကိုယောနက ခိုနှုမ်းသုန်သတင်းဌာနကို ယခုလို ပြောပါသည်။

“မပြန်ဖြစ်လောက်ဘူး။ ဟိုတနေ့ကလည်း ကျနော် မြစ်ဝအထိသွားတယ် သူတို့နေရထိုင်ရတာတွေ အတော်လေး ခက်ခဲသေး တယ်။ သူတို့ကလည်း ရေရာမှုမရှိဘူး ဟိုတစ်ခေါက်ကလည်း မသွားဘူး မသွားဘူး မသွားဘူး ဘယ်တော့မှမသွားဘူးဆိုပြီးတော့မှ သူတို့ ပြန်သွားကြတယ်၊ ပြီးလို့ရှိရင် သွားပြီးတော့မှ ပြန်ပြီးထွက်ပြေးလာတဲ့ မိသားစု ၁၃ စု လောက်ရှိတယ်။ လူဦးရေနဲ့ဆိုရင် ၃၀ - ၄၀ ဝန်းကျင်လောက်ရှိတယ်။ အဲလိုဖြစ်နေတဲ့အခါကျတော့လေ မရေရာဘူး၊ မသေချာဘူး၊ တချို့လူတွေက ဆင်းချင်တယ်။ ဆင်းသွားတဲ့လူတွေလည်း ကြာကြာမနေရဲလို့ ပြန်တက်လာတဲ့အဖွဲ့တွေလည်းရှိတယ်။လတ်တလောထွက်ပြေးလာတဲ့သူတွေ တော့မရှိပေမယ့် ပြီးခဲ့တဲ့ မေလ နှင့် ဇွန်လ တုန်းကတော့ရှိတယ်။” လို့ပြောသည်။ လက်ရှိအခြေအနေတွင် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် Hmawngbuchhuah ကျေးရွာတွင်ရှိနေကြသော စစ်ဘေးဒုက္ခ သည် စုစုပေါင်း ၃၆၂ ဦးရှိပြီး အများစုမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း နေထိုင်ကြသော ရခိုင်လူမျိုးများဖြစ်ကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...