KBC ဝိုင်းမော် ရုံးတွင် ခိုလှုံနေသော အင်ဂျန်းယန် စစ်ရှောင်များကို စခန်းသစ်သို့ ရွှေ့ပြောင်း

KBC ဝိုင်းမော် ရုံးတွင် ခိုလှုံနေသော အင်ဂျန်းယန် စစ်ရှောင်များကို စခန်းသစ်သို့ ရွှေ့ပြောင်း

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းအဖွဲ့ချုပ် (KBC) ၏ ၀ိုင်းမော်မြို့နယ် အသင်းတော်များရုံး အတွင်း ယာယီခိုလှုံနေသော အင်ဂျန်းယန်မြို့နယ် Hpung Mai Yang စစ်ရှောင်များကို စခန်းအသစ်သို့ ယမန်နေ့ (ဇူလိုင် ၂၃ ရက်နေ့) မနက်ပိုင်းတွင် ရွှေ့ပြောင်းပေးခဲ့သည်။ 

စခန်းသစ်ကို ဝိုင်းမော်မြို့ပြင် မဒိန်ကျေးရွာတွင် တည်ဆောက်ထားပြီး စစ်ရှောင် ၃၆၄ ဦး၊ အိမ်ထောင်စု အလိုက် တစ်ခန်းစီ နေရာချပေးခြင်း ဖြစ်သည်။



၂ လ ကျော်ကြာ KBC ဝိုင်းမော်ရုံး အတွင်း တိမ်းရှောင်ခဲ့ရာ ထိုနေရာတွင် စစ်ရှောင်များ ရေရှည်နေထိုင်ရန် အဆင်မပြေလာ သောကြောင့် ရွှေ့ပြောင်းရခြင်းဖြစ်သည် ဟု စစ်ရှောင်တာဝန်ခံ Chawzang Hkawng Dai က ယခုလို ရှင်းပြသည်။



“လူဦးရေများတော့ အစစအရာရာသူတို့အတွက်အဆင်မပြေဘူး။ နေရာအခက်အခဲတွေဖြစ်တယ်။ မိသားစုများတဲ့သူတွေအတွက်ပိုဆိုး အဆင်မပြေနိုင်ဘူး။ ပြီးရင် ဝိုင်းမော်နှစ်ခြင်းအားလုံးရဲ့ ရုံးချုပ် နေရာဆိုတော့ စစ်ရှောင်နေလို့်မရဘူး။ ဒါကြောင့် စစ်ရှောင်နေရာကိုသီးသန့်ဆောက်ပေးခဲ့ကြတယ်။” 



ထိုစစ်ရှောင်စခန်းနေရာအသစ်သည် ဝိုင်းမော်မြို့နယ် Behtela ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် ၏ သာသနာပိုင် နေရာတစ်ခုဖြစ်ပြီး ဝိုင်းမော်မြို့နယ် နှစ်ခြင်းအသင်းတော်များမှ တာဝန်ယူတည်ဆောက် ထားခြင်းဖြစ်သည်။



ယင်းစစ်ရှောင်ပြည်သူများသည် အင်ဂျန့်ယန်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာသောကြောင့် မေလ (၁၇)ရက်နေ့တွင် KBC ဝိုင်းမော် အသင်းတော်များရုံးတွင် ယာယီနေရာ စီစဉ်ပေးခြင်းဖြစ်သည်။

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...