နယူးဒေလီရောက် ဒုက္ခသည်များ UNHCR ကို ကန့်ကွက်ဆန္ဒပြမည့်ရက် ရွှေ့ဆိုင်း

နယူးဒေလီရောက် ဒုက္ခသည်များ UNHCR ကို ကန့်ကွက်ဆန္ဒပြမည့်ရက် ရွှေ့ဆိုင်း

ချင်းလူမျိုးဒုက္ခသည်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ထုတ်ပြန်ချက်ကို ကန့်ကွက်ဆန္ဒပြမည့်အစီအစဉ်ကို ဇူလိုင်လအတွင်းပြုလုပ်ဖို့ စီစဉ်ထားသော်လည်း လိုအပ်သည့် စာရွက်စာတမ်း အထောက် အထား မစုံလင်သေးသောကြောင့် လာမည့် သြဂုတ်လ ၂၀ ရက်နေ့တွင် ပြုလုပ်ရန် ရွှေ့ဆိုင်းလိုက်ရကြောင်း Chin Refugee Committee (CRC) ဥက္ကဌ Remmawi က ပြောသည်။

“အစက ဇူလိုင်လအတွင်း လုပ်ဖို့ ရည်ရွယ်ထားပေမယ့် လိုအပ်တဲ့စာရွက်စာတမ်း အထောက်အထားတွေက မစုံလင်သေးတော့ မလုပ်ဖြစ်တာဖြစ်တယ်” လို့ သူမက ပြောပါသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြမည့်အစီအစဉ်ကို သြဂုတ်လဆန်းပိုင်းအတွင်း လုပ်ဖို့ရည်ရွယ်ထားသော်လည်း သြဂုတ်လ ၁၅ ရက်သည် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့ဖြစ်နေသည့်အတွက် မလိုလားအပ်သည့် ပြဿနာများဖြစ်ပေါ်နိုင်သောကြောင့် လွတ်လပ်ရေးနေ့နောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ရခြင်းဖြစ်တယ်လို့ ခိုနှုမ်းသုန်သတင်းဌာနကို ယခုလို ဆက်ပြောပါသည်။

“သြဂုတ်လ ၁၅ ရက်နေ့ဟာ အိန္ဒိယလွတ်လပ်ရေးနေ့ဖြစ်နေတဲ့အတွက် ရဲတွေကလည်း ဆန္ဒပြမယ့်နေရာ ပေးမှာမဟုတ်ဘူး၊ ခွင့်ပြုမှာလည်းမဟုတ်ဘူး။ ဒါကြောင့် သြဂုတ်လ ၂၀ ရက်နေ့မှာ လုပ်ဖို့ ကျမတို့ ယာယီရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်တယ်” လို့ ပြောသည်။

မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့တွင် ရောက်ရှိနေကြသည့် ချင်းလူမျိူးများကို ဒုက္ခသည်အဖြစ် ခိုလုံခွင့်ပြုတော့မည်မဟုတ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ထုတ်ပြန်ချက်ကို လက်မခံနိုင်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်းများမှ ကန့်ကွက်ဆန္ဒဖော်ထုတ်ဖို့ စီစဉ်ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ နယူဒေလီမြို့တွင် တိုင်းရင်းသားအသီးသီးမှ ဒုက္ခသည်အဖြစ် လာရောက်ခိုလှုံသူများစွာ ရှိနေပေမည့် ယခုလက်ရှိ အခြေအနေတွင် ချင်းလူမျိုး ဒုက္ခသည်အဖြစ် နေထိုင်သူ စုစုပေါင်း ၃၀၀၀ မှ ၃၅၀၀ ဝန်းကျင့်ခန့်ရှိကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...