နာဂဒေသ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးစေရန် ဆောင်ရွက်နေ

နာဂဒေသ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးစေရန် ဆောင်ရွက်နေ
by -
ပေါ်ဦးသန့်
(Photo-AFP)
(Photo-AFP)

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို ဦးစားပေးလုပ်ဆောင်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ပြောသည်။

" နာဂဒေသအတွက် လမ်းပန်းဆက်သွယ်ရေးမှာ ဦးစားပေးလုပ်ဆောင်နေပါတယ်။ ဒေသခံတွေက ဘက်ဟိုးယာဉ်တွေလိုအပ်တယ်ဆိုလို့ ထောက်ပ့ံပေးထားပါတယ်" ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးကပြောသည်။

ထို့ပြင် ခန္တီး-ဆင်သေလမ်းပိုင်းကိုလည်း လုပ်ဆောင်ပေးခဲ့ပြီး ရင်းနှီးမြုပ်နှံမှုအတွက် အကျိုးအမြတ် မရှိသော်လည်း ဒေသဖွံ့ဖြိုးရေးအတွက် ဦးစားပေးဆောင်ရွက်လျှက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်းကလည်း ဖြည့်စွတ် ပြောကြားသည်။

အဆိုပါဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျပ်၂၄၃၂ ဒသမ ၀၃၇ သန်း၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျပ် ၃၁၈၈ ဒသမ ၄၇၃ သန်းတို့အား ကုန်ကျခံကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

"လမ်းပန်းဆက်သွယ်ရေးက အရင်ကဆို ဘယ်လိုမှအဆင်မပြေဘူး။ အခုတော့ သိသိသာသာ ကောင်းလာ တယ်။ ပြည်ထောင်စုလမ်းမကြီးကိုလည်း ပေ ၃၀ အထိချဲ့နေတယ်။ ကျေးရွာချင်းဆက်လမ်းကိုလည််း ပြင်ဆင်ပေးနေတယ်။ တစ်ခုပဲ အခက်အခဲရှိတာက နာဂဒေသဟာ မိုးများတဲ့ဒေသဖြစ်လို့ သဘာဝ ဘေးအန္တရာယ်ကတော့ ပြောမရဘူးပေါ့။ လမ်းပန်းဆက်သွယ်ရေးကောင်းလာတာကတော့ သိသိသာသာပါပဲ။" ဟု လဟယ်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလောယုံကပြောသည်။

နာဂဒေသ၏ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံမျိုးစေ့များဖြန့်ဝေခြင်း ခေတ်မှီတောင်စောင်းစိုက်ပျိုးရေးနည်းစနစ်နှင့် စံပြကွက်များ ဆောင်ရွက်ပြသခြင်းတို့အား လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နာဂဒေသ၏ကျန်းမာရေးနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နာဂ တိုင်းရင်းသူ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အဆိုတော် မာရီကိုးလ်အား နာဂဒေသဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးသံတမန်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ခန့်အပ်ခဲ့သည်။

May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...