ထိုင်း-မြန်မာချစ်ကြည်ရေး မော်တော်ယာဉ်တန်းခရီးစဉ် စတင်မည်

ထိုင်း-မြန်မာချစ်ကြည်ရေး မော်တော်ယာဉ်တန်းခရီးစဉ် စတင်မည်
by -
ဒေါင်းလူ

ကယားပြည်နယ်၏ ခရီးသွားကဏ္ဍမြှင့်တင်ရေးနှင့် ထိုင်းမြန်မာချစ်ကြည်ရေးအတွက် လွိုင်ကော်- မယ် ဟောင်ဆောင်နှင့် ပိုင်(pai)မြို့ကိုသွားမည့် ချစ်ကြည်ရေးမော်တော်ယာဉ်တန်း ခရီးစဉ်တစ်ခုကို မကြာမီ စတင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်တန်းခရီးစဉ်နှင့်ပတ်သက်၍ ဇူလိုင်လ ၂၂ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်ကမ်းနားရှိ Vintage Luxury Yacht Hotel တွင် စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်ခဲ့ သည်။

"မြန်မာနိုင်ငံကနေပြီး နယ်စပ်ကနေ နိုင်ငံခြားကိုထွက်တဲ့ ခရီးစဉ်မျိုးဆိုတာ ရှားရှားပါးပါးခရီးစဉ်ပေါ့။ ကျွန်တော်တို့အနေနဲ့က မြန်မာနိုင်ငံကနေ နိုင်ငံခြားကို နယ်စပ်တွေကတဆင့် လည်ပတ်သလိုမျိုး နိုင်ငံခြားကလည်း ကျွန်တော်တို့နိုင်ငံကို နယ်စပ်ကနေလည်ပတ်ဖို့ ရည်ရွယ်ပါတယ်" ဟု Myanmar Overand Organizer Team၏ အဖွဲ့ ဝင် ဦးအောင်ပြည့်ဖြိုးက ပြောသည်။

၄င်းခရီးစဉ်ကို ကယားပြည်နယ်ဟိုတယ်/ခရီး ဦးစီးမှူးရုံးမှ Myanmar Overland Organizer group နှင့် Kayah Htar Ni Travel and Tourတို့ ပူးပေါင်း စီစဉ်ခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအသင်း၏ ဖိတ်ကြားမှုဖြင့်စီစဉ်သည့် ပထမဦးဆုံး Cross Country Caravan နယ်စပ်ဖြတ်ကျော်ခရီးစဉ်လည်း ဖြစ်သည်။

မြန်မာနိုင်ငံကယားပြည်နယ်၊ မယ်စဲ့နယ်စပ် ဝင်/ထွက်ပေါက်(BP-13)မှ ထိုင်းနိုင်ငံ မယ်ဟောင် ဆောင်မြို့ကို ဖြတ်ကျော်ဝင်ရောက်ပြီး ထိုင်းနိုင်ငံ၏ဥရောပဟု တင်စားကြသည့် ပိုင်(Pai) မြို့ကို သွားရောက်မည်ဖြစ်သည်။

ချစ်ကြည်ရေးယာဉ်တန်းခရီးစဉ်သည် ဇူလိုင် ၂၆ ရက်နေ့တွင် ရန်ကုန်မြို့မှ နေပြည်တော်မြို့၊ လွိုင်ကော်မြို့မှတဆင့် မယ်စဲ့နယ်စပ်(BP-13)ကို ဖြတ်ကာ ပိုင်(Pai) မြို့၊ မယ်ဟောင်ဆောင်မြို့တို့ကို ဇူလိုင်လ ၃၀ ရက်နေ့အထိ ၅ ရက်ကြာ လည်ပတ်မည်ဖြစ်သည်။ ခရီးစဉ်တွင် မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များ၊နယ်စပ်ဖြတ်ကျော်ခရီးစဉ်ကို စိတ်ပါဝင်စားသူများနှင့် သတင်းမီဒီယာများ ပါဝင်ကြပြီး လက်ရှိစာရင်းအရ မော်တော်ကား ၁၂ စီးနှင့် ခရီးသည် ၄၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

" ဒီခရီးစဉ်ပြီးရင် နောက်ထပ်စီစဉ်မယ့် ခရီးစဉ်တွေက ရွှေတြိဂံခရီးစဉ် ကီလိုမီတာ၂၆၀၀ ရှိတဲ့ ခရီးစဉ်ကို ထပ်စီစဉ်မယ်။ အဲဒီနောက်မှာ ထိုင်း၊ အိန္ဒိယ၊တရုတ်ခရီးစဉ်တွေရှိတယ်။ အဓိကက ကျွန်တော်တို့နိုင်ငံကနေ နယ်စပ်ဖြတ်ပြီးတော့ ဒါမျိုးခရီးစဉ်တွေ စီစဉ်လို့ရတယ်ဆိုတာ လုပ်ငန်းရှင် တွေကို မက်ဆေ့ပေးချင်တာပါ" ဟု Myanmar Overand Organizer Team၏ အဖွဲ့ဝင် ဦးအောင်ပြည့်ဖြိုးက ပြောသည်။

ခရီးစဉ်အတွက် 4X4 , SUV type ကား အမျိုးအစားများကိုသာလိုက်ပါခွင့်ပေးမည်ဖြစ်ပြီး ကား တစ်စီးလျှင် ၄ ဦး သာ စီးနင်းရန်နှင့် သတ်မှတ်မိုင်နှုန်းနှင့် မော်တော်ယာဉ်ဥပဒေများ ညီညွတ် လိုက်နာရန် စည်ကမ်းသတ်မှတ်ထားသည်။

ခရီးစဉ်တွင် ဟိုတယ်နှင့်စားသောက်ရေးလည်း ပါဝင်မည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ခရီးသွားအာမခံ(လူအတွက်)ပါရှိပြီးဖြစ်သည်။ ထို့အပြင် ခရီးစဉ်တွင်လိုုအပ်သော လမ်းတံတားကြေး၊ ဂိတ်ကြေး၊ နယ်စပ်ဖြတ်သန်းခနှင့် ဦးထုပ်- polo shirts စသည်တုုိ့ကို စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...